ဒီနေ့က တန်ဆောင်မုန်းလပြည့်ဖို့ တစ်ရက်အလို အဖိတ်နေ့ဖြစ်သည်။ ပုံမှန်ဆို ပွဲကို ရက်ပြည့်သွားတဲ့ ဉာဏ်က ဒီညနေ၄နာရီလောက်အထိ အိမ်မှာ ငုတ်တုတ်ထိုင်နေရခြင်းမှာ ဘာကြောင့်လည်းဆိုတော့ ခုနက အေးသာယာရောက်နေပြီလို့ ဖုန်းဆက်ထားတဲ့ ဒေါက်တာကြီးကြောင့်ပါပဲ။ ဒီကြားထဲ နေ့တိုင်းနီးပါးလာဖို့ ပူဆာနေတဲ့ ကိုယ်ကြောင့် နောက်ဆုံးတော့ အစ်ကိုက ခေါင်းငြိမ့်ခဲ့သည်။ သ်ို့သော် သူတစ်ယောက်တည်းတော့မဟုတ် ကြီးကြီးမေ၊မသုန်နှင့် ကိုစည်သူကော ပါလာသည်။အစ်ကိုက ကားကို ကိုယ်တိုင်မောင်းလာတာမို့ ရန်ကုန်က ထွက်လာပြီနော်လို့ ဖုန်းဆက်ကတည်းက တစ်နေကုန်ထိုင်မရ ထမရဖြစ်နေရသည်။ ကားမောင်းနေတာမို့ ခနခနဖုန်းလည်းမဆက်နေချင်တာကြောင့် ထမင်းစားတာပင် မဖြောင့်နေပါ။" သားငယ် ရေမချိုးတော့ဘူးလား မနေ့ညက ပွဲသွားထားတာ ရေချိုးမှရမှာနော်"
"ဟုတ်မေမေ"
မေမေကလည်း ကြီးမေနှင့်အတူ ဧည့်သည်တွေပါမယ်ဆိုတာကြောင့် တစ်နေကုန် ပြင်ဆင်ချက်ပြုတ်နေတာ အခုထိမနားရသေး။
တောင်ကြီးရဲ့ တန်ဆောင်တိုင်လက ရှယ်အေးပလန်နဲ့အေးတတ်ပေမယ့် ရင်ထဲက အပူကြောင့် ဘာမှန်းတောင်မသိပါ။ မနေ့ညက TSD မှာ မနက်တစ်နာရီကျော်တဲ့အထိ ကဲထားတာကြောင့် ဒီနေ့ရေမချိုးလ်ို့ကတော့ မဖြစ်ပါ။ အစ်ကိုလာရင် ဒီပုံစံကြီးကအဆင်မပြေတာမို့ ထပြီးရေချိုးဖို့ပြင်လိုက်သည်။
၅မိနစ်တောင်မကြာလိုက်တဲ့ရေချိုးခြင်းအပြီးမှာ အောက်က Sweat pants အနက်ရောင်နဲ့ အပေါ်က တီရှပ်အဖြူရောင်တထည်ကောက်စွပ်လိုက်
သည်။ အစ်ကိုက အိမ်မှာလာတည်းမှာမို့ အရင်တစ်ခေါက်ကထပ်ပိုရင်ခုန်နေသည်။ ဒီည ဖက်အိပ်ပစ်မယ်။ စိတ်ထဲမှာ ကြိမ်းဝါးနေတုန်း ကားသံကြားတာကြောင့် အောက်ထပ်ကို ခပ်မြန်မြန်ဆင်းပြေးလိုက်သည်။အိမ်ဆင်ဝင်အောက်မှာ အစ်ကို့ကားလေးကို မြင်လိုက်ရတဲ့
ပျော်ရွှင်မှုက ဘယ်လိုပြောရမှန်းကိုမသိပါ။ လှေကားအောက်ဆုံးထစ်ရောက်မှ ခြေလှမ်းတ်ိူ့ကို အရှိန်လျှောက်လိုက်ရသည်။ ကားအရှေ့ခန်းမောင်းသူနေရာက ဆင်းလာတဲ့ အစ်ကိုက ပြုံးပြသည်။ တစ်လကျော်ခွဲခွါထားရတာမို့ လွမ်းနေရတဲ့ ဒေါက်တာကြီးသည် မနေ့ကမှ ဆံပင်ညှပ်ထားသည်တဲ့။