လေယာဉ်ဆိုက်မည့်အချိန်က ညနေ၅နာရီမှဆိုပေမယ့်
မနက်ပိုင်းဖြေရသည့်စာမေးပွဲခန်းထဲမှာတောင် ဖင်တကြွကြွဖြစ်နေသည့် ကိုယ့်အဖြစ်ကို ဘော်ဒါတွေက မျက်စောင်းတထိုးထိုးဖြစ်နေပေမယ့် ဂရုမစိုက်အား။ ၁၂နာရီမှ
စာမေးပွဲချိန်ပြီးသော်လည်း ၁၁နာရီ ၁၅မိနစ်ကတည်းက
ဉာဏ်က အပြင်ရောက်နေပြီဖြစ်သည်။လိုက်ချင်ပေမယ့်အချိန်ပြည့်မှ အခန်းထဲက ထွက်လာမည့်ဖွေးအား စိတ်မရှည်တာကြောင့် မစောင့်တော့ဘဲ စိုင်းဟတ်နဲ့အတူထားခဲ့ကာ ဟဲဟိုးဆင်းဖို့ လောနေသည် ကိုယ့်ကို အားဝေက
ကြိမ်ဆဲနေသည်။"နေ့လည်စာတော့ အရင်စားပါရစေ ငထက်ရာ
ဗိုက်ထဲက အော်နေပြီဟ"" ကျောင်းရှေ့မှာပဲ စားလိုက်တော့ မြန်တယ်"
" အခုမှ ၁၁နာရီတောင်မခွဲသေးဘူး
ဟဲဟိုးနဲ့ဒီကလည်း ငါမောင်းရင် ၁နာရီကျော်လောက်ပဲကြာတယ် မင်းက လေယာဉ်ကွင်းမှာ ၄နာရီလောက်သွားထိုင်စောင့်မလို့လား"" နောက်ကျနေမှာစိုးလို့ကွ"
" ဟိုကဖြင့် အခုမှ အိမ်ကနေထွက်အုန်းမှာ
မဟုတ်ဘူး မင်းကိုက သောက်ပိုတွေလုပ်နေတာ လဒရဲ့
ငါနေ့လည်စာစားအုန်းမှာ မင်းဘာသာမင်း
စောင့်ချင်စောင့် မစောင့်ချင်နေ"" အေးပါကွာ ငါစိတ်လောနေလို့ပါ
စားစား အေးဆေးစား"မနေ့က ဖုန်းထဲမှာ လာမကြိုလည်းရတယ် စာကျက်ပါလို့ပြောလာတဲ့ ချစ်နေရသူသည် တကယ်ကို သူစိမ်းဆန်သည်။ ကိုယ်က ဘယ်လိုမှ သွားမကြိုဘဲမနေနိုင်တာကို အသိသိနဲ့ ပြောတတ်လိုက်လေခြင်းလို့သာ တွေးမိတော့သည်။
သူလာမည့်အကြောင်းပြောတော့လည်း အစစအရာရာ
သူ့ဘာသာသူအကုန်စီစဉ်ပြီးမှ ကိုယ့်ကိုအသိပေးခြင်းထြစ်သည်။ အကြောင်းပြချက်က ကိုယ့်စာကျက်ချိန်တွေ
အနှောင့်အယှက်ဖြစ်မည်စိုးလို့တဲ့။စာမေးပွဲအတွင်း တစ်နေ့ဖုန်းတစ်ခါသာဆက်ပြီး
ကြာကြာလည်းဖုန်းပြောခွင့်မရ။ ကိုယ်က ညည်းတွားတော့လည်း " ဉာဏ်က လာခဲ့ဆ်ိုလို့ ကိုယ်လိုက်လျောထားတယ်လေ"ဆိုတဲ့စကားနဲ့ ချုပ်သည်။ မတတ်နိုင် အရာအားလုံး သူ့သဘောပေါ့ မသက်ဆိုင်သေးခင်အချိန်ကာလလေးမှာ သူငြိုငြင်သွားမှာ ကိုယ်မှ မလိုလားပဲ။