အပိုင်း(၁၂)

1.1K 159 11
                                    

Chest piece မှာ Littmann logoပါတဲ့ stethoလေးကို
စားပွဲပေါ်တင်ရင်း ထိုင်ခုံမှာ မှီချကာ ထိုင်ချလိုက်မိသည်အထိ တောင့်တင်းနေတဲ့ ခြေသလုံးတွေက မသက်သာသွား။ အချိန်က မနက်၃နာရီ ခန့်ရှိပြီဖြစ်ပြီး ဂျူဒီစဝင်ကတည်းက ၅မိနစ်ပြည့်အောင် မထိုင်ရသေးပဲ
ပြေးလွှာနေရသည်မို့ ခြေဖဝါးတွေပင် အောင့်ကာ နာကျင်နေခဲ့ပြီဖြစ်သည်။ စားပွဲပေါ်က stethoကိုကြည့်ပြီး
ပြုံးလိုက်မိသည်။

ဒီstethoscopeလေးထဲမှာ လူတွေရဲ့ နှလုံးခုန်သံတွေ အများကြီးရှိတယ်။ ဒီstetho လေးထဲမှာ အိမ်ပြန်ခွင့်ရတဲ့ လူနာတွေရဲ့ ရယ်မောသံတွေ ၊ လောကထဲက ထွက်ခွါသွားရတဲ့ နောက်ဆုံးထွက်သက်တွေရှိခဲ့တယ်။ မှတ်မိနေသေးတယ် 2nd MB တုန်းက stethoကိုင်ရတဲ့အချိန် ဂုဏ်ယူနေတဲ့ မားမားရဲ့ အပြုံးတွေဟာသူစာကျက်ရလို့ ပင်ပန်းတိုင်း အားဆေးတစ်ခွက်ဖြစ်ခဲ့သည်။

ဝါသနာပါလို့ဆိုတာထက် ဆေးမှတ်မီတဲ့အခါ ဆေးကျောင်းတက်ဖို့သာ ဆုံးဖြတ်ခဲ့ပေမယ့်် part 1အပြီး mobile clinic ဆင်းရတဲ့အချိန် မပြည့်စုံတဲ့ တောရွာလူနေမှုဘဝတွေကြောင့် မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားခဲ့သည့် အသက်ပေါင်းများစွာအကြောင်း ကိုယ်တိုင်သိခဲ့ရပြီးနောက် ဆရာဝန်ဖြစ်ချင်လာသည်။ အဲ့ဒီ့ခရီးကို သူတို့ဆေးကျောင်းသားတွေ ရင်နာနာနဲ့ပြန်ခဲ့ရပြီးနောက် ဆရာဝန်ဖြစ်ဖို့ ဘယ်သူမှ လက်မလျော့ကြတော့တဲ့အထိ ဖြစ်ခဲ့ကြသည်။

Coffee ဖန်ခွက်ကိုယူကာ အရှေ့ဘက်က PG(အထူးကုဖြစ်လာမည့် ဘွဲ့လွန်တက်နေသော ဆရာဝန်) တွေ ထိုင်တဲ့ဖက်ထွက်လာတော့ မကြုံစဖူး နိုက်ဂျူဒီအတူတူကျတဲ့
ကိုမျိုးနဲ့ မပိုးတို့စုံတွဲက ခနအနားရတုန်း ပူးကပ်ထိုင်ရင်း ဖုန်းက ဗီဒီယ်ို တစ်ခုအတူတူကြည့်နေကြသည်။

"ဟာ သာကီလာလေ "

ကိုမျိုးက ခေါ်တော့ ဝင်ထိုင်ရင်း wardထဲ ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေတော့ report ဖတ်မလို့ ပြင်နေတဲ့ HSလေးတွေအုပ်စုက သူတို့ခပ်လှမ်းလှမ်းမှာ ခေါင်းချင်းဆိုင်နေကြသည်။ အလုပ်သင်ကာလတွေကို ပြန်သတိရမိတော့ သူအားရပါးရပြုံးလိုက်မိသည်။

"ဘာတွေ သဘောကျနေတုန်း ငါ့မောင်
ရော့ အဆာပြေလေး စားအုန်း "

 NYAN'SWhere stories live. Discover now