" သာကီရေ ၂ခွဲစမယ်နော်"
"ဟုတ် အစ်မ Ready ဖြစ်ပြီနော်"
စီနီယာအစ်မတစ်ယောက်က ပြောပြီးသည်နှင့် ခပ်သွက်သွက်ပြန်ထွက်သွားသည်။ ကိုယ်တိုင်လည်း
လက်ထဲက ယခုခွဲစိတ်မည့် လူနာ၏ အခြေအနေဖြစ်စဉ် ဆေးမှတ်တမ်းကို ချကာ ဝတ်ထားတဲ့ scrub suitအပေါ်ကနေ ပ်ိုးသတ်ထားတဲ့surgeon gown အပြည့်အစုံထပ်ဝတ်ရသည်။ ဘေစင်မှာ လက်ကို တံတောင်ကနေ သေချာဆေးကြောဖို့လည်း မမေ့ရ။ဒီခွဲစိတ်မှုမှာ ခုနက စီနီယာ အစ်မနဲ့ ကိုယ်က လက်ထောက်ဆိုပေမယ့် ဆရာဝန်ကြီးက အရေးကြီးတဲ့အပိုင်းကလွဲပြီး ကျန်တာ အကုန်လက်လွဲမှာမလို့ အများကြီး အာရုံစိုက်ရမည်ဖြစ်ပြီး အချိန်အားဖြင့် ၃နာရီနီးပါးကြာမည်ဖြစ်သည်။ ဆေးရုံတက်နေတဲ့ လူနာဖြစ်ပြီး အရေးပေါ်caseမလို့ မိုးလင်းသည်အထိ စောင့်လို့မရ။
" မေ့ဆေး timing စတွက်ပါပြီ"
မေ့ဆေးဆရာဝန်က သတိပေးသံနဲ့အတူ ခွဲစိတ်ခြင်း စတင်ဖို့ပြင်ဆင်ရသည်။ လူနာက အသက်၅၀အရွယ် ယောကျာ်းတစ်ယောက်ဖြစ်ပြီး အသည်းခြောက်နေသည့် အပိုင်းကို ဖြတ်ထုတ်မည့် ခွဲစိတ်ခြင်းဖြစ်သည်။
" သွေးထုတ်ပေးပါ"
ခန္ဓာကိုယ်အတွင်းပိုင်း ကလီစာတွေကြားက သွေးတွေကို ပိုက်တစ်ခုနှင့် လိုက်စုပ်ယူသည့် လုပ်ငန်းစဉ်ကို ကိုယ်လုပ်နေရင်း ဆရာဝန်ကြီးကလည်း သူ့လုပ်ငန်းစဉ်ကို တစ်ချက်မှ ရပ်တန့်မခံဘဲ ဆက်လုပ်နေသည်။
" pressure တစ်ချက်ပြောပေး"
စီနီယာအစ်မက မော်နီတာက သွေးခုန်နှုန်းနှင့် နှလုံးခုန်နှုန်း အခြေအနေတင်ပြပြီးတာနဲ့ အရေးကြီးဆုံးအပိုင်းဖြစ်သည့် အသည်းဆီကို ဦးတည်နေပြီဖြစ်သည်။ ပိုးသတ်ကာ ဖြန့်ခင်းထားသည့် ခွဲစိတ်ခန်းသုံး ကိရိယာတွေကို
တစ်ခုပြီးတစ်ခု ယူရင်း ခက်ခဲစွာ ကြိုးပမ်းနေရသည့် လုပ်ငန်းစဉ်က တစ်ချက်မှ မှားယွင်းလို့မရ။စသည်ဖြင့် ဆရာဝန်ကြီး ညွှန်ကြားနေသမျှကို လုပ်ပေးရင်း အချိန်၂နာရီခန့်ကြာသည့်အချိန်တွင် အရေးအကြီးဆုံးအပိုင်းက ပြီးမြောက်သွားပြီဖြစ်သည်။