" နန်းသီရေ ဒါတွေ လျှော်လိုက်ပါအုန်း
ဂျူဒီကုတ်နဲ့ရှပ်အင်္ကျီအဖြူတွေက သက်သက်စိမ်ထား ပြီးမှ လက်နဲ့လျှော်နော်""ဟုတ် မေမေကြီး"
သားရဲ့ အဝတ်တွေ လျှော်ဖို့ယူပေးကာ ကုတင်ပေါ်က အိပ်ယာခင်းတွေ လဲပေးပြီး သပ်ရပ်နေပြီးသားဖြစ်တဲ့ စာကြည့်စားပွဲပေါ် နည်းနည်းရှင်းလင်းပေးမည်လုပ်တော့
နံရံကပ်စာအုပ်စင်ဒေါင့်လေးက ၂လက်မလောက်ရှိတဲ့ ဓာတ်ပုံလေးကို မြင်မိသည်။ အရင်ကတည်းက နန်းသီကို အခန်းထဲ မဝင်ခိုင်းဘဲ ကိုယ်တိုင်ပဲ အခန်းထဲက သန့်ရှင်းရေးကို ဝင်လုပ်တာ အကြိမ်ရေမနည်းတော့ဘူးဆိုပေမယ့် အခုမှ မြင်မိတဲ့ ဓာတ်ပုံလေးက နှစ်ဖက်ကပ်တိပ်လေးဖြင့် ကပ်ထားခြင်းဖြစ်သည်။သားရဲ့ ခေါင်းအနောက်က မျက်နာတခြမ်းပဲ ပေါ်ပေမယ့် ပြုံးရယ်နေတဲ့ ကောင်လေးက လူချောလေးမှန်း သိသာပါတယ်။ သားဖြစ်သူကတော့ သွားဖြူဖြူတွေ စီတန်းပြီး မျက်လုံးလေးတွေ မှိတ်ကျလုနီးပါး ပြုံးနေခဲ့တာများ
ဒီဓာတ်ပုံရိုက်တုန်းက ဘယ်လောက်တောင် ပျော်ရွှင်နေခဲ့တာပါလိမ့်။သားကလည်း ကိုယ့်ကို ဖွင့်ပြောပြီးကတည်းက
အမေဖြစ်သူရှေ့ တစ်ခါမှ ဖုန်းလည်းမပြောသလို ကိုယ့်ကိုလည်း ထိုကောင်လေးအကြောင်း တစ်ခါမှမပြောပြဖူး။ ယောကျ်ားဖြစ်သူကတော့ သူသိထားသလောက် ထိုကောင်လေးက စင်ကာပူမှာကျောင်းတက်နေတယ် ဆိုတာလောက်သာ ပြောပြထားသည်။ ပြောတော့ အကဲခတ်ကြည့်ပါ ဘာညာဆိုပြီး သူ့ဟာလေးကို ဖွက်ထားတာများ မပြောချင်။"မေမေကြီး ဧည့်သည်"
နန်းသီ အသံကြောင့် သားအခန်းထဲက ထွက်လာတော့ တံခါးဝတွင်ရပ်နေသည်မှာ အောက်ထပ်မိသားစုက ညီမဖြစ်သည်။
" ညီမလေး လာ လာ ဝင်ခဲ့"
"အိမ်မှာ နတ်သုဒ္ဒါလေးချက်စားလို့ အစ်မရေ
လာပို့ပေးတာ သာကီလေးက ကြိုက်တတ်လို့""ကျေးဇူးပါကွယ် နန်းသီရေ ချိုင့်လာယူပေးပါအုန်း
ညီမ တူကတော့ မနေ့ညကတည်းက ဂျူဒီဝင်တာ
ညနေမှ အိမ်ပြန်ရောက်မှာ"" မနေ့က ဆေးရုံသွားတော့ အောက်မှာတွေ့လို့ နှုတ်ဆက်သွားသေးတယ် အစ်မရေ
အထူးကုသာ ဖြစ်စေချင်တာ သာကီလေးပင်ပန်းနေတာ
မြင်တော့လည်း မကြည့်ရက်ဘူး"