April လရဲ့ ပထမအပတ် နွေရာသီအချိန်ဆိုပေမယ့်
လွန်လွန်ကြူးကြူး ပူလောင်နေတာမျိုး မဟုတ်တဲ့
မနက်၉ နာရီဝန်းကျင်ခန့် ဟဲဟိုးလေဆိပ်ရှေ့
ထိုးရပ်လာသည့် land cruiser အနက်ရောင်တစ်စီး။
မောင်းသူနေရာက ဆင်းလာတာကတော့ ထောင်ထောင်မောင်းမောင်းနဲ့ အသက်၄၈နှစ်အရွယ် ဦးဇော်ထက်နှင့်ဘေးမှာတော့ ဝါဝင်းတဲ့ အသားအရေကိုမှ ပါတိတ်
ပိတောက်ခြောက်ရောင်ဝမ်းဆက်နဲ့ ကျောတစ်ဝက်ခန့်
ဆံပင်တွေကို သေသေသပ်သပ်တဝက်စီးပြီး ကျောက်စီကလစ်လေးနဲ့ ညှပ်ထားတဲ့ အသက် ၄၇နှစ်အရွယ် သူ့ရဲ့ အမျိုးသမီး ဒေါ် မျိုးနုသွယ်။ထိုစဉ် အနောက်တံခါးဖွင့်ကာ အိပ်ရေးမဝသည်ကြောင့် မျက်နာဆူပုတ်ပုတ်နဲ့ဆင်းလာသူကတော့ သူတို့၏ သားအငယ် သုဉာဏ်ထက် ။
"ဘာစားအုန်းမလဲ သားငယ်"
"တော်ပြီ မစားတော့ဘူး"
ဆူအောင့်အောင့်အသံနဲ့အတူ သူ့ရဲ့luggage ခဲရောင်လေးကို ကားပေါ်ကနေ အသံကျယ်ကျယ်ထွက်သည်အထိ
ဆွဲချနေသည်။ ဒီနေ့လေယာဉ်စီးရမည်
ခရီးသွားရမည်ဆိုတာ အသိသိနဲ့ မနေ့ညက ၁နာရီလောက်မှ အိမ်ပြန်လာသည့် သားဖြစ်သူက ဒီခရီးကို သွားဖို့ လုံးဝစိတ်မပါ ဖခင်ဖြစ်သူကို အတွန့်မတက်ရဲလို့သာ ။နှစ်တိုင်း ဒီအချိန်ရောက်ရင် ဒီပြသာနာကစပြီဖြစ်သည်။ တက္ကသိုလ် ပထမsemester ဖြေပြီးချိန် နွေရာသီ ကျောင်း၂လပိတ်သည့်အချိန်ဆို သားဖြစ်သူကို
တောင်ကြီးမှာ မထားဘဲ သူ့ဇာတိဖြစ်ရာ ရန်ကုန်သို့ အတင်းပို့တတ်တဲ့ ယောကျ်ားဖြစ်သူနဲ့ အမြဲ ကလန်ကဆန်လုပ်သူ သားဖြစ်သူကြား ဒေါ်မျိုးနုသွယ် အမြဲ ကြားညှပ်ရသည်။ဒုတိယ semester ပြီးသည့် ကျောင်းပိတ်ချိန်
အောက်တိုဘာ နိုဝင်ဘာလတွေမှာတော့ တောင်ကြီးသားတို့ရဲ့ အသက်တမျှ မြတ်နိူးရာ တန်ဆောင်တိုင် မီးပုံးပျံပွဲကြောင့် ဘယ်မှ သွားခိုင်းလို့မရတော့တဲ့ သားငယ်ကြောင့် တစ်နှစ်လုံးမှာ ဒီ၂လဟာ သိပ်ကို စိတ်ညစ်ရသည့်အဖြစ်။ရန်ကုန်သားနဲ့ရတဲ့ အမေဖြစ်သူကိုတောင်
ရန်ကုန်သားနဲ့ ယူလို့ ပြန်ဂျစ်သည်အထိ
တောင်ကြီးကို သိပ်ချစ်သည့် သားငယ်ဟာ
ဂျစ်တစ်တစ်နဲ့ ပြောရဆိုရခက်ပေမယ့် ဆိုးသွမ်းနေတာမျိုးတော့မဟုတ် ။ ဘယ်လောက်ပဲ တက္ကသိုလ်ကျောင်းသားဆိုဆို စာမေးပွဲနီးရင်တော့ ပြောစရာမလို
ကျူရှင်တက် စာလုပ်တယ် ။ အခု စတုတ္တနှစ်ရောက်သည်အထိ တစ်နှစ်တစ်တန်းအောင်သည်။ သူ့အဒေါ်ဖြစ်သူက မေဂျာ ကထိကဖြစ်နေတော့ ကြောက်ရတာလည်း ပါသည်။