အပိုင်း(၂၀)

1.3K 175 23
                                    

တစ်နေကုန် လိုင်းပေါ်လည်းတက်မလာ ၊ညကလွဲရင် ကျန်တဲ့အချိန် ဖုန်းလည်းဆက်လို့မရတာကြောင့် ညနေကျရင် မွေးနေ့ပွဲတစ်ခုသွားစရာရှိကြောင်းကို massage သာပို့ထားလိုက်ရသည်။ဟန်နေနဲ့တုန်းက ဒီလိုမဖြစ်ဖူးဘူး။ သူနဲ့ကျမှ ကိုယ်ထမင်းစားတဲ့အချိန်လေးကမှ အစ ပြောပြချင်နေမိတာ ဘာလို့လဲ။ သူ့ဖက်က ဝင်မစွက်ဖက်တောင် ကိုယ်က သူ့အချိန်တွေ ကိုယ့်အပေါ်ပေးစေ
ချင်တဲ့အခါ ဒီလိုတွေ ကလေးဆန်နေရသည်။ ချစ်ခြင်းမေတ္တာဆိုတာ ထူးဆန်းတဲ့အရာမဟုတ်လား။

ဒီတစ်လအတွင်း အခြေအနေကတိုးတက်လားဆိုရင်တော့ အရင်ကနဲ့သိပ်မထူးခြားနားပါပဲ။ သူက အလုပ်တာဝန်တွေနဲ့ မနားပဲလည်ပတ်နေရတဲ့ ဆရာဝန်တစ်ယောက်မလို့ဆိုတာ ကိုယ်နားလည်ပြီးသားပါ။ ဒါပေမယ့် ကိုယ်တွေးလို့မရနေတာက duty offသည့်ရက်ကလွဲရင် တစ်နေ့တစ်ခါသာ ဖုန်းပြောခွင့်ရှိသည့်ကိစ္စပင်။ massage ပို့ထားလို့တော့ရသည်။ သူအချိန်ရတဲ့အခါ
ပြန်ပို့ထားပေးတတ်သည်။

သူဖက်က ကိုယ့်အပေါ် သုံးသပ်နေတာတော့ သေချာသည်။ ဒီတစ်လအတွင်း ကိုယ့်စီက သူ့မကြိုက်တဲ့အချက်တွေဆိုတာ ဖုန်းတစ်ခါဆက်ရင် နှစ်ခုလောက် အပြောခံရသည်။ ညစောစောမအိပ်ရတဲ့ အကြောင်းကစလို့
မနက်ကော်ဖီတစ်ခွက်သာ သောက်သည်ကိုလည်း ဒေါက်တာကြီးက မကြိုက်ပြန်ဘူး။ သူပြောသမျှ အကုန် ကြိုးစားပြီး ပြင်သင့်သလောက်လည်း ပြင်နေသလို ပြင်ဖို့မလွယ်တာတွေတော့ "ကြိုးစာကြည့်အုန်းမယ်"ဆိုသည့် ကိုယ့်စကားနောက် သူကလည်း "မင်းသဘောပဲ"ဆိုတဲ့ စကားဖြင့် လုံးဝ အတင်စီးမခံ။

ကိုယ်က ဖုန်းmodel အသစ်တစ်ခုထွက်သည့်အခါ
ချက်ချင်းဝယ်ကိုင်ဖို့ ဆန္ဒစောနေသည့်အချိန် သူကတော့
ကိုယ့်လိုလူတွေကို နှာခေါင်းရှုံ့နေတတ်သည်။ ထို့အပြင်သူကိုင်နေတဲ့ iPhone 7လေးကို သူ့ရဲ့လစာတွေ စုပြီးဝယ်ခဲ့ကြောင်း သူပြောပါလိမ့်မည်။ သူနဲ့ပတ်သတ်လို့ ကိုယ်သိလာရတာတစ်ခုက ကျွန်တော့်ဒေါက်တာကြီးသည်
ကပ်စေးအိုးလေးပင်ဖြစ်သည်။ ထိုအကြောင်း ကိုစည်သူကိုမေးတော့ တဟားဟားရယ်ကာ တစ်နေ့ ၅ထောင်လောက် အကျိုးမရှ်ိဘဲအပိုကုန်သည့်နေ့ဆို လောင်လို့မပြီးဘူးဟုဆိုသည့်အခါ မဆီမဆိုင် ကိုယ့်အနာဂတ်ကိုယ်တွေးပူသည်။

 NYAN'SWhere stories live. Discover now