မနက် ၁၁ခွဲလောက် ရောက်လာတဲ့ ဖေဖေနဲ့ မေမေက
ညနေ လေယာဉ်ကွင်းမဆင်းခင် ကြီးမေဆီ ခန
သွားကန်တော့ရင်း တောင်ကြီးကပါလာတဲ့
လက်ဆောင်တစ်ချို့လည်း ပေးမယ်လို့ဆိုလေတော့
ကိုယ်ရယ် မိဘနှစ်ပါးရယ်ဖိုးဖိုးရယ်က
စမ်းချောင်းအိမ်ဆီ နေ့လည်စာစားဖို့
လာလိုက်ကြသည်။တိုက်အောက်ရောက်တော့ ကားမောင်းတဲ့
ဖေဖေနှင့်ဖိုးဖိုးက
ရှေ့က သူရယ် မေမေရယ်ကနောက်ကနေဖြင့်
ဓာတ်လှေကား
စောင့်နေလိုက်ကြသည်။ ရုတ်တရက်ပွင့်လာတဲ့
ဓာတ်လှေကားအထဲကို အကြည့်ရောက်မိတော့"အော်."
အိမ်နေဝတ်ပုံရတဲ့ တီရှပ်အဖြူအဟောင်းပွပွတစ်ထည်ကို
အောက်က ဒူးအထက်ဘောင်းဘီ တထည်နဲ့
တွဲဝတ်ထားပြီး လက်ထဲမှာလည်း အထုပ်အမဲနှစ်ထုပ်ကို
ဆွဲထားသေးသည်။ ကြည့်ရတာ လမ်းထိပ်ကို အမှိုက်သွားပစ်မလို့ ထင်ပါတယ်။သူဖက်က ဖော်ဖော်ရွေရွေပဲ ပြုံးပြကာ နှုတ်ဆက်လာသော်လည်း ရုတ်တရက်မို့ ခေါင်းသာပြန်ငြိမ့်ပြလိုက်မိသည်။ ဖိုးဖိုးတို့က ဓာတ်လှေကားထဲရောက်နေပြီမို့
အမြန် လိုက်ဝင်သွားလိုက်ပြီး သူကတော့ အထုပ်တွေဆွဲကာ အနောက်တောင် လှည့်မကြည့်ပဲ ထွက်သွားခဲ့ပြီ။" အသိဆိုလည်း သေချာပြန်နှုတ်ဆက်လေ သားငယ် "
"ဟုတ် "
ဖေဖေရဲ့ စကားကို ခပ်တိုတိုသာ ပြန်ဖြေလိုက်သည်။
ခုနကသူတွေ့ခဲ့တဲ့ ပုံရိပ်လေးမေ့သွားမှာစိုးလို
စိတ်ထဲ အလွတ်ရအောင်ကျက်နေမိသည်။
ခြေကြားညှပ်ဖိနပ် အဟောင်းလေးပဲစီးထားပေမယ့်
ခြေချောင်းသွယ်သွယ်ရှည်ရှည်တွေနဲ့ ခြေဖမိုး ဖြူဖြူလေးက တကယ်ကြည့်ကောင်းသည်။" အမေ့ သားငယ်က ရန်ကုန်ရောက်တာ ၁၅ရက်ပဲ
ရှိသေးတာမိတ်ဆွေအသစ်တွေရကုန်ပြီလား""ကြီးမေတို့အပေါ်ထပ်က မသုန်သူငယ်ချင်းတို့အိမ်ကမို့ပါ"
"အင်းပါ အပေါင်းအသင်းဝင်ဆံ့တော့ကောင်းပါတယ်"
ဖေဖေပြောသလို သေချာနှုတ်ဆက်ချင်ပေမယ့်
သူ့ကိုတွေ့တာနဲ့ မလုံမလဲတွေဖြစ်ကာ ကိုယ့်စိတ်ကို
ချုပ်ထိန်းရင်းနေရတာမို့ တော်ရုံပြောနေကျ
စကားတောင် မထွက်တော့တဲ့အထိ။ စကားပြောတဲ့အချိန်
တစ်ခါတစ်လေ ကိုယ့်မျက်လုံးတွေနဲ့အကြည့်ချင်း ဆုံစေတဲ့အခါ ဘာမဆိုင်ညာမဆိုင် အသက်အောင့်ထားမိတဲ့အထိ တစ်ယောက်ထဲ ပျာယာခပ်ရသေးတယ်။