အပိုင်း(၁၄)

1.1K 164 21
                                    

ရန်ကုန်ကနေ ညသန်းခေါင်ထွက်မှာဖြစ်တာကြောင့်
မသုန်နဲ့ ကြီးမေကတော့ ခနအိပ်အုန်းမည်ဆိုကာ အခန်းထဲဝင်သွားကြပြီး ကိုယ်ကတော့ ဘောလုံးပွဲထိုင်ကြည့်နေတဲ့
ဘဘကြီးနဲ့အတူ ဧည့်ခန်းမှာထိုင်ပြီး ဂိမ်းဆော့နေလိုက်သည်။

ကားမောင်းပေးမည့် ဘဘကြီးတို့ရုံးက ဒါရိုက်ဘာက
သွားခါနီးအချိန်မှ ကားနဲ့အတူရောက်လာမည်ဖြစ်တာကြောင့် စောင့်ပေးနေရခြင်းလည်းဖြစ်သည်။

ကားရောက်လာတော့ အပေါ်ထပ်က ကိုစည်သူတို့တွေပါဆင်းလာပြီး နေ့ချင်းပြန်မို့ အဝတ်အစားများများသယ်စရာမလိုတာမို့ ကျောပိုးအိတ်ကိုယ်စီနဲ့သာဖြစ်သည်။
ကြီးမေကတော့ အဆာပြေမုန့်တစ်ချို့ထည့်လာတာကြောင့် ခြင်းတစ်ခြင်းတော့ပါလာသည်။ ပျော်ပွဲစားထွက်သလိုပုံစံမို့ အကုန်လုံးက တက်တက်ကြွကြွဖြစ်နေကြသည်။

Alphardကားဖြစ်တာကြောင့် ရှေ့ခန်းထဲမှာ ဒါရိုက်ဘာဦးလေးနဲ့ ဘဘကြီးထိုင်ပြီး အလယ်မှာတော့ သုံးယောက်ထိုင်သည်။ ကိုယ်ကတော့ နားကြပ်တက်ပြီး နောက်ဆုံးခန်းမှာ ဝင်ထိုင်ပြီး မျက်လုံးတို့မှိတ်ကာ အိပ်ဖို့ပြင်နေလိုက်သည်။

" ဦးလေးက အိပ်မှာမလား နောက်ခန်းသွား" ဆိုသည့်
ကိုစည်သူ့အသံကြားတော့ မျက်လုံးတွေ ချက်ချင်းပြန်ဖွင့်လိုက်မိသည်။ ကိုယ့်ဘေးနေရာဝင်ထိုင်နေသည့် ထိုသူအား သေချာလိုက်ကြည့်နေမိသည်။

" သားငယ်လေး ဗိုက်ဆာလား"

ကြီးမေက ရှေ့ခုံကနေလှမ်းမေးတာမို့ ခေါင်းသာခါလိုက်ရင်း မျက်လုံးတွေပြန်မှိတ်ထားလိုက်သည်။ အလယ်ခုံက သုံးယောက်ထိုင်လို့ရတာမို့ ကြီးမေ၊မသုန်နဲ့ ကိုစည်သူတို့ထိုင်ကြသည်။ကိုစည်သူနဲ့ မသုန်ရဲ့ စကားသံတွေကြောင့်
တော်တော်နဲ့ အိပ်လို့မရ။

ရန်ကုန်မြို့ထဲကထွက်လာတာနဲ့ ဘေးပတ်ဝန်းကျင်တွေကလည်း မဲမှောင်သွားပြီး ကားမီးရောင်တွေသာ ရှိတော့သည်။ ရှေ့ခန်းက ဘဘကြီးတို့ စကားပြောသံတွေကလွဲပြီး ကားလေးအတွင်းတိတ်ဆိတ်သွားသည်။

ဘေးကိုကြည့်လိုက်တော့ လက်လေးပိုက်ကာ အိပ်နေတဲ့
သူက ပကတိအေးချမ်းနေသည်။ တနေကုန်ဆေးရုံမှာ ဂျူဒီဝင်ထားရတာဆိုတော့ ပင်ပန်းနေလောက်ပြီပေါ့။
ခေါင်းကြီးစောင်းပြီး အိပ်နေတာမို့ လည်ပင်းတွေနာနေမှာက်ိုလည်း ကြည့်နေရင်း စိတ်ပူမိသည်။

 NYAN'STempat cerita menjadi hidup. Temukan sekarang