အိမ်ရှေ့တံခါးတွေ သေချာပိတ်ပြီး အခန်းထဲပြန်ရောက်တော့ ၉နာရီထိုးတော့မည်။ စည်သူကလည်း
သူ့အခန်းထဲမှာ ရေချိုးနေသည်ထင် ရေကျသံတိုးတိုးကိုကြားနေရသည်။ အဝတ်မလဲရသေး၍ ကုတင်ပေါ်
မလှဲချင်တာကြောင့် စာရေးစားပွဲမှာသာ မှီထိုင်ပြီး မျက်လုံးတို့ခနမှိတ်ထားလိုက်သည်။အတွေးတွေက ဒီနေ့ခရီးစဉ်မှာ ပင်ပန်းနေတဲ့ ဉာဏ်ရဲ့မျက်နာကို ပြန်တွေးနေမိသည်။ တစ်အိမ်လုံးက ဖူးဖူးမှုတ်ထားမှန်းသိသာလောက်အောင် ပင်ပန်းသည့်ဒဏ်မခံနိုင်တဲ့ကောင်လေး ။ ကိုယ်ရှေ့တင် တစ်လကျော်လေးအတွင်း နေမကောင်းဖြစ်နေတာ နှစ်ခါရှိပြီမဟုတ်လား။
နားရွက်တွေနီတွတ်နေတဲ့အထိ အဖျားတက်နေတဲ့အချိန် ၊
ဒီနေ့လို တစ်မျက်နာလုံးဖြူစုတ်ကာ မျက်လုံးတွေမဖွင့်နိုင်တဲ့အချိန်ဆို ဆရာဝန်တစ်ယောက်အနေနဲ့ မစိုးရိမ်ရမှန်းသိသော်လည်း ဝေဒနာ ခံစားနေရတဲ့ သူ့ကိုကြည့်ပြီး
လူက နေရခက်လွန်းလှသည်။ဒေါက် ဒေါက်
" တံခါးဖွင့်ထားတယ်"
" dryer လာယူတာ ရေမချိုးဘူးလား "
" ချိုးမှာ ညောင်းလွန်းလို့ မလှုပ်ချင်တော့ဘူး"
" တစ်ယောက်က အသွား တစ်ယောက်ကအပြန်
လိုက်လည်းလိုက်တယ်""ဘာကိုလဲ "
ဆံပင်မှုတ်နေရင်း ဆူညံနေတာကြောင့် ရော စည်သူခပ်တိုးတိုးပြောတာကို လုံးဝနားမလည်တာမို့
မေးမိသော်လည်း မျက်နာမဲ့ရွဲ့ကာ ပုခုံးတွန့်ပြသည်။ စည်သူ့မျက်နာကိုကြည့်ပြီး တစ်ခုခုမဟုတ်တာတွေပြောတော့မယ်ဆိုတာကို ရိပ်မိလိုက်သည်။" ပေါက်တက်ကရတွေ မပြောနဲ့ စည်သူ
ခေါင်းခြောက်ရင် သွားအိပ်တော့ "" ပေါက်တက်ကရ မဟုတ်ဘူး အတည်ပြောမယ်"
Dryer ကို နေရာတကျပြန်ထားပြီး မွေ့ရာပေါ် တက်ထိုင်ကာ စည်သူက မျက်နာကိုတည်လိုက်သည်။ ပြီးတော့
သက်ပြင်းအရှည်ကြီးချလိုက်သေးသည်။" ဦးလေး သားငယ်ကို ဘယ်လိုမြင်လဲ"
" အင် ဘယ်လိုမြင်ရမှာလဲ ဒီအတိုင်းပဲပေါ့
Socialတော့ အရမ်းမဆိုးနေပါဘူး
ဒါပေမယ့် အန်တီတို့အိမ်က အငယ်ဆုံးမို့အလိုလိုက်ထားတော့ နည်းနည်း spoiled ဖြစ်နေတယ် ဒါပဲလေ"