ကုတင်ပေါ်လှဲပြီး မှိန်းနေတုန်း တံခါးခေါက်သံကြားတာကြောင့် "အင်း"ဆိုတဲ့ အသံပြန်ပေးလိုက်ပြီး
ဝင်လာသူက တီငယ်လေး။"သက်သာလား သားငယ် "
"အင်း "
"ညစာ ဘာစားချင်လဲ ဆန်ပြုတ်မကြိုက်ရင်
ကြေးအိုးတို့ဘာတို့ စားမလား"ခေါင်းပြန်ငြိမ့်ပြလိုက်တော့ တီငယ်လေးက
သူကုတင်ပေါ် ဝင်ထိုင်ရင်း နဖူးကိုစမ်းလာသည်။" ဘာစိတ်ညစ်စရာရှိနေလို့လဲ သားငယ်
ဆေးလိပ်တွေလည်း မနည်းဖူးသောက်ထားတာ"ခေါင်းကဆံပင်တွေကိုပါ ထိုးဖွရင်း တီငယ်လေးက
မေးသည်။ ငယ်ငယ်ထဲက အသက်၁၀နှစ် ကျော်သာကွာတဲ့ တီငယ်လေးက သူနဲ့ သူငယ်ချင်းလို အဒေါ်လို ရင်းနှီးတာမို့
အိမ်က အဖေ အမေတွေနဲ့ အဆင်မပြေရင်တောင်
တီငယ်လေးက သူ့ကို အလိုလိုက် နားအလည်ပေးဆုံးသူ
တစ်ယောက်။ ဒါပေမယ့် အခုကိစ္စက ထိမ်ချန်ထားဖို့လိုအပ်မယ်ထင်တယ်။ဘယ်သူ့ကိုမှလည်း ဖွင့်ပြောဖြစ်မှာမဟုတ်ဖူး။
ကိုယ်တိုင် ကိုယ့်ဖြစ်တည်မှု စိတ်ခံစားချက်ကို
လက်ခံလိုက်ရတယ်ဆိုပေမယ့် ဘယ်သူ့ကိုမှ
မသိစေချင်ဘူး။ နောက်ဆုံး ထိုလူကိုတောင် သူအသိမခံချင်ဘူး။ တစ်ဘဝလုံးဆိုလည်း ရတယ် ဒီစိတ်ကြီး သူ့ခန္ဓာဆီမှာ မြဲနေသမျှ သူကြိတ်ခံမယ် ။"နောက်ကျ လျော့သောက်မယ်နော်
မနေ့ညက အိပ်မပျော်လို့ ဟိုတွေး ဒီတွေးနဲ့မို့ နည်းနည်း များသွားတာ""အင်း အင်း ထ အဝတ်အစားလှဲပြီး
ထွက်လာအုန်း နည်းနည်း စိတ်လန်းဆန်းသွားအောင် "ပြောပြီးတာနဲ့ တီငယ်လေးက အခန်းထဲကထွက်သွားသည်။ လှဲနေရာက ထထိုင်ပြီး ဖုန်းကိုယူကြည့်လိုက်တော့
ဟန်နေ့ဆီက " ဘာလုပ်နေလဲ ထက်"ဆိုတဲ့ စာလေး
တစ်စောင်သာ ဝင်ထားသည်။ဟန်နေကိုရော ငါဘယ်လိုလုပ်ရမှာလဲ။
အတွေးတို့က တစ်ဖန် ပြန်ရှုပ်ထွေးလာသည်။
ဟန်နေမှာ အပြစ်မရှိဘူး တကယ်တမ်း မှားနေတာက
သူကိုယ်တိုင်မို့ ။ ၄နှစ်လောက် တွဲခဲ့ပေမယ့် လွန်လွန်ကြူးကြူး skin shipဖို့မပြောနဲ့ အနမ်းဆိုတာတောင် နှစ်ခါလားပဲ နမ်းခဲ့ဖူးတယ်။ သူငယ်ချင်းလိုရော ရည်းစားလိုရော
ဟန်နေက ကိုယ့်အပေါ် အများကြီးနားလည်ပေးတယ်။
ချစ်သူရည်းစားတွေလို ဆိုတာထပ် ဟန်နေနဲ့က
သူငယ်ချင်းလိုအနေအထားမျိုးနဲ့ တစ်ယောက်ကိုတစ်ယောက် ပိုနားလည်ခဲ့ကြတယ်။