မနက်၆နာရီထွက်လာပြီး ချောင်းသာကိုရောက်တော့
နေ့လည်၁၁ကျော်လောက်ဖြစ်သည်။ ကိုယ်ပိုင်ကားကို
ချောင်းသာပါကင်မှာရပ်ပြီး bookingလုပ်ထားသည့်ဟိုတယ်ကတော့ ကျောက်မောင်နှမဖက်မှာမလို့ နည်းနည်းတော့လှမ်းပေမယ့် ဟိုတယ်က လာကြိုတာကြောင့် အားလုံးအဆင်ပြေပြေပါပဲ ။ Check inဝင်ပြီးတာနဲ့ အခန်းထဲရောက်တော့ sea view roomမလို့ မှန်တံခါးကနေပင်လယ်ပြင်ကြီးကို တဆုံးအထိမြင်နေရသည်။တကယ်တော့ ကိုယ်က ဘာမှမသိလိုက်ပါပဲ ဘာမေးမေး
ကိုယ်စီစဉ်ပြီးပြီဆိုတာကြောင့် အခုအထိ ကိုယ့်ဖက်က လုပ်ပေးရတာဆိုလို့ လမ်းမှာ ကားကူမောင်းပေးတာရယ်
Breakfast ကျွေးတာရယ်ပဲရှိသေးသည်။ ၂ညအိပ်ပဲမလို့ ဘာမှတော့ ထူးခြားတာမျိုးမရှိ ဒီအတိုင်း chilling ပုံစံမျိုးပဲဖြစ်သည်။ ဘယ်လိုပဲဖြစ်ပါစေ နှစ်ယောက်တည်းရှိတဲ့ စက္ကန့်တိုင်းကို သဘောကျတာပါပဲ။နှစ်ယောက်ပေါင်းမှ ပါလာတာက luggage တစ်လုံးနှင့် ကျောပိုးအိတ်နှစ်လုံး။အထုပ်တွေချပြီးတာနဲ့ တံခါးဖွင့်ကာ ဝရံတာဆီထွက်သွားတဲ့ အစ်ကိုက လက်ရန်းပေါ်လက်ထောက်ကာ ပင်လယ်ပြင်ကို ကြည့်နေသည်မို့ ဝတ်ထားတဲ့ ရှပ်အင်္ကျီလေးက တလွင့်လွင့်။ လေက တဖြူးဖြူးတိုက်ခတ်နေပေမယ့် ပူနွေးနွေးကြီးသာဖြစ်သည်။ အသားဖြူလွန်းတဲ့ ကျွန်တော့်ဒေါက်တာကြီးရဲ့ ခြေဖမိုးဖြူအုအုတွေဟာ နီနေခဲ့ပြီ။
"လေတွေက ပူနေတာကို"
ဘေးမှာ ဝင်ရပ်တယ်ဆိုပေမယ့် ကိုယ်က ပင်လယ်ကြီးကို မျက်နာမူနေခဲ့တာမျိုးမဟုတ်။ ခါးလောက်အမြင့်ရှိတဲ့ ဝရံတာလက်ရန်းကို နောက်ပြန်မှီကာ ဘေးမှာရပ်နေတဲ့ သူ့ကို
ကြည့်နေခြင်းသာ။ ဘယ်နေရာဒေသ၊ဘယ်လိုအလှတရားပဲဖြစ်ဖြစ် ကျွန်တော့်ဒေါက်တာကြီးသာ ဘေးမှာရှိနေရင် အလိုလိုနောက်ကောက်ကျနေမှာပဲ။" ဗိုက်ဆာပြီလား ဉာဏ်"
ပြုံးနေရင်း ကိုယ့်ဖက်လှည့်ပြီးမေးလာသည်မို့ ခေါင်းခါပြမိသည်။ ရှပ်င်္အကျီကြယ်သီးပြုတ်နေတာမို့မြင်နေရတဲ့ နေဒဏ်လေဒဏ်ကြောင့် ချက်ချင်းနီတွတ်သွားတဲ့ လည်ပင်းနှင့် ရင်ဘတ်က အသားအရေဘယ်လောက်နုလည်းဆိုတာ သိသာသည်။ ဒါလည်းသူက နုနုရွရွနဲ့ထိန်းသိမ်းမည့်ပုံမပေါ်ပါဘူး။ ဒါလည်း ငြိမ်ချမ်းတာပါပဲ ကိုယ်ကသာ အမြင်နဲ့ နှမြောနေရတာမျိုး။