ဉာဏ်သွားလိုက်တာ ၇ရက် ရက်သတ္တပတ်ပြည့်ပြီဖြစ်သည်။အရာရာဟာ အားလုံးပုံမှန်အတိုင်း လည်ပတ်နေသလို ဉာဏ်နှင့် ကိုယ်ကြားမှာလည်း အရာအားလုံးဟာ ပုံမှန်ပဲ
ဖြစ်နေသေးသည်။ ဒါပေမယ့် ဉာဏ်မသိထားတဲ့ ကိုယ့်အခြမ်းမှာ စိတ်ကူးထားတာတွေက အကုန်ပြောင်းပြန်တွေဖြစ်ကုန််တာမျိုးတော့ ရှိတာပေါ့။အစက ဉာဏ့်ဆီသွားလည်ဖို့၊အားလပ်ရက်တွေ အတူတူအချိန်းဖြုန်းဖို့ ရည်ရွယ်ထားတာတွေဟာ ဉာဏ့်အဒေါ်တွေနဲ့ စကားပြောဖြစ်ပြီးတဲ့နောက်ပိုင်း ဉာဏ် မြန်မာပြည်
ပြန်မရောက်မချင်း ဉာဏ်ရှိတဲ့ ဘယ်အရပ် ဘယ်နိုင်ငံမှ
ကိုယ်မဦးတည်တော့ဖို့ ဆုံးဖြတ်လိုက်ခြင်း။ ကိုယ်က မင်းဆီကို မလာနိုင်တာမဟုတ်ပဲ စိန်ခေါ်မှုတစ်ခုအပေါ် ပေးထားတဲ့ ကတိကြောင့်မလာဖြစ်တာမျိုးပါ။မင်းသာ သိရင် ရယ်စရာကြီးတစ်ခုအဖြစ် သတ်မှတ်လိုက်တော့မှာ ပြီးရင် မင်းကိုယ့်ကို စိတ်ဆိုးတော့မှာ
ကိုယ်သိပေမယ့် ဒီနည်းနဲ့ပဲ ကိုယ်တို့ မေတ္တာတွေ
ခိုင်မြဲကြောင်းကိုယ်ပြချင်မိတယ်။ ပြီးတော့ အဲဒီ့အချိန်တွေအလွန်မှာ မင်းနဲ့ပဲ အမြဲအတူတူရှ်ိတော့ဖို့
စိတ်ကူးထားတယ်။ တဖက်သတ်ဆုံးဖြတ်ချက်တွေ
ချနေမိလို့လည်း ကိုယ်က နောက်မှ မင်းကိုတောင်းပန်ပါ့မယ်။M.Scအတွက် အလုပ်ရပ်နားချင်သော်လည်း ဆေးရုံမှာပဲ
PGအနေနနဲ့ ပြန်ဝင်ရင်း ဘွဲ့လွန်တက်ဖို့ကို "စာမေးပွဲနီးမှ ခွင့်နဲ့ စာကြည့်ချိန် သက်သက်ယူပါ"ဆိုတဲ့ ပရော်ဖက်ဆာရော မပ်ုးတို့၏ တိုက်တွန်းချက်ကြောင့် မိုးကုတ်ကိုပြန်ဖို့ အစီအစဉ်က ပြန်စဉ်းစားရတော့သည်။ အစကတည်းက အထူးကုအတွက် ဘွဲ့လွန်တက်စေချင်သည့် မာမားတို့ကလည်း ရန်ကုန်မှာပဲနေဖို့ ပြောလာတော့ ကိုယ့်မှာ ဘာလုပ်လို့ လုပ်ရမှန်းမသ်ိ။" သာကီရေ ဟောက်စ်ဆာဂျင်တွေ ရိုင်းကျူ့ထည့်ဖို့ ဒီညကူပေးလိုက်ပါအုန်း"
"ဟုတ် အစ်မ ကျွန်တော်ကြည့်လိုက်မယ်"
ဂျူဒီဝင်ကတည်းကနေ အခု မနက်၂နာရီအထိ အခုမှ
ခနနားရသည်ကြောင့်
ကျောခင်းလို့ အတွေးတွေ ဖြန့်နေတုန်း စီနီယာအစ်မရဲ့ စကားကြောင့် ထကာ HSတွေ ရှိနေမည့် အဆောင်တွေဆီ ခပ်မြန်မြန်ထသွားရတော့သည်။