အပိုင်း(၄)

1.3K 168 21
                                    

စည်သူတို့ internship ဆင်းတာက အလုံဘက်မှာဖြစ်ပြီး
ကိုယ်ကတော့ ဆေးရုံကို ပြေးရတော့မှာမို့ ထမင်းချိုင့်ကို
အလောတကြီးထည့်နေမိသည်။ မနေ့ညက စာတမ်းတစ်ခုဖတ်နေတာနဲ့ နည်းနည်းအိပ်ချိန်နောက်ကျခဲ့တာမို့ မနက်က ပုံမှန်ထချိန်ထက် ၁၅မိနစ်နောက်ကျခဲ့သည်။

စည်သူက နေ့လည်စာ ဝယ်စားတာကြောင့် ထမင်းချိုင့်မထည့်သော်လည်း ကိုယ်ကတော့ အစားရွေးလွန်းတဲ့အပြင် အပြင်စာသိပ်မစားချင်တာကြောင့် ကိုယ်တိုင်ထည့်သွားဖြစ်သည်။

ထမင်းချိုင့်နဲ့ ရေနွေးကြမ်းထည့်ထားတဲ့ vacuum bottle ကို အပေါ်က အိတ်လေးနဲ့ပြန်ထည့်လိုက်ပြီး လိုအပ်တဲ့ အိတ်တွေအကုန်ဆွဲကာ အောက်ကိုခပ်သွက်သွက်ပြေးဆင်းလာမိသည်။ ကားနောက်ခန်းဖွင့်ကာ အိတ်တွေအကုန်လုံးထည့်ပြီး ကားပေါ်တက်ဖို့အလုပ် တိုက်ထဲကနေ ခပ်မြန်မြန်ထွက်လာတဲ့ ကောင်လေး။

မိုးပြာရောင် ချည်သားရှပ်အင်္ကျီလက်ရှည်ကို အောက်က
Straight jeans တထည်နဲ့ တွဲဝတ်ထားကာ Rider slippers အမဲလေးစီးထားတဲ့ ကောင်လေးက ပြေးထွက်လာရင်း တိုက်အပြင်ရောက်တော့ ကိုယ့်ကိုတွေ့တာနဲ့ တစ်ချက်ပြုံးကာ ခေါင်းလေးငြိမ့်ပြရင်း နှုတ်ဆက်လာသည်။

" သွားတော့မလို့လား"

"ဟုတ်ကဲ့ဗျ "

ထိုမျှသာပြောပြီး ဖုန်းကနာရီကို ထုတ်ကြည့်ကာ ကောင်လေးက ပြေးတော့သည်။ ကြည့်ရတာ ထိုကောင်လေးလည်း သူ့လိုနောက်ကျနေ၍ဖြစ်မည်။ လမ်းမကြီးပေါ် ကွေ့သွားတဲ့ ကျောပြင်လေး မြင်ကွင်းထဲက ပျောက်မှ သူလည်းနောက်ကျတော့မည်ဆိုတာကို သတိရ၍ အမြန်မောင်းထွက်လာရတော့သည်။

"ဟုတ်ကဲ့ဗျ"ဆိုတဲ့ အသံကိုပြန်ကြားတော့ သူပြုံးမိသည်။
တောင်ကြီးက လူတွေက မိန်းကလေးဆို စကားပြောရင်
အဆုံးသတ်လေးမှာ ရှင့်ထည့်တတ်ပြီး အခုယောကျ်ားလေးတွေဆိုလည်း ဗျကထည့်လိုက်ရမှ။ သူကျောင်းတက်တုန်းက အသိ တောင်ကြီးကသူငယ်ချင်းတွေဆိုလည်း
အဲ့လိုပဲ ဗျ ၊ ရှင့် ကတော့မပါမပြီး ။ အခုလည်း ကြည့်အူန်းဟုတ်ကဲ့ဗျ တဲ့ ချစ်စရာကောင်းတာမို့ သူကားမောင်းရင် တစ်ယောက်ထဲ ပြုံးနေမိတော့သည်။

 NYAN'SWhere stories live. Discover now