အပိုင်း(၃၂)

917 140 12
                                    

အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးလာတာ ဉာဏ်သွားဖို့
၁၀ရက်််လောက်သာလိုတော့သည်။ ဒါပေမယ့် ဉာဏ်ကအခု ရန်ကုန်မှာ မဟုတ်။ Graduation အတွက်လည်းဖြစ်ပြီး မသွားခင် တောင်ကြီးမှာ လိုအပ်တာတွေ လုပ်ဖို့
ပြန်သွားတာ၅ရက်ရှိပြီဖြစ်သည်။ သဘက်ခါမှ
ပြန်လာမယ်လို့ မနက်က ဖုန်းဆက်တုန်းကတော့ပြောသည်။ဘွဲ့ဝတ်စုံနဲ့ဉာဏ်က သိပ်ကြည့်ကောင်းနေတာမလို့
ပို့လာတဲ့ပုံတွေ ခနခနကြည့်မိရင်းလည်း ပြုံးရသေးသည်။

တကယ်တော့ ဉာဏ်သွားရင် စင်ကာပူကို လိုက်ပို့ဖို့တွေးထားပေမယ့် တိုက်တိုက်ဆိုင်ဆိုင် စည်သူနှင့် သုန်သုန်တို့ဘွဲ့ယူမည့် ရက်နှင့်တိုက်နေသည်မို့ မလိုက်ပို့ဖြစ်တော့။တစ်ယောက်တည်း တွေးထားတဲ့အတွေးမလို့ ဉာဏ့်ကိုတော့ ထုတ်မပြောဖြစ်။ လိုက်ပို့မယ်ဆိုတာလည်း ဉာဏ်ဟိုကိုရောက်ပြီးမှ ကိုယ်ကသွားမှာမလို့ လူကြီးတွေတော့ သိမှာမဟုတ်။ ဒါမှမဟုတ် ခွင့်ရက်ရမည့်သင်္ကြန်မှပဲသွားလိုက်ရမလားဆိုပြီးလည်း တွေးဖြစ်သည်။ ဘာလိုလိုနဲ့ ဉာဏ် ဘဝထဲရောက်လာတာ တစ်နှစ်ပြည့်တော့မယ်။

"သာကီ"

"ကိုမျိုး လာထိုင်လေ အစ်မရော"

"လိုက်လာလိမ့်မယ် အရင်စားနှင့်ဆိုလို့"

နေ့လည်စာစားမလို့ ထိုင်နေရင်း အတွေးများနေတုန်း ရောက်လာတဲ့ ကိုမျိုးကြောင့်အတွေးတွေ ရပ်လိုက်ရကာ
ကိုမျိုးက ထမင်းချိုင့်ခြင်းကို ဖွင့်ကာ စားပွဲပေါ်နေရာချနေတာကို ကူညီပေးနေလိုက်သည်။

" သာကီ ငါမေးမယ် မေးမယ်နဲ့မေ့နေတာ"

"ဘာမေးမလို့လဲကိုမျိုး မေးလေ"

" မင်းတို့အောက်ထပ်က အန်တီက မမေနှင်းထက်ရဲ့ အစ်မမလား"

" ညီမတစ်ယောက်တော့ ရှိတယ် နာမည်တော့ မသိဘူး
ကျွန်တော်လည်း အန်တီတို့မိသားစု၃ယောက်နဲ့ ဉာဏ့်ကိုပဲ သေချာသိတာ ကျန်တာတော့ မရင်းနှီးဘူး အကို
ဘာဖြစ်လို့လဲ"

"ငါလွန်ခဲ့တဲ့၂ရက်က အိမ်တတ်တစ်ခုသွားတာ ငါ့ ဦလေးအိမ်လေ
သူရောလာတယ်ကွ နိုင်ငံခြားဆန်တင်ပို့တာတွေနဲ့
ပတ်သတ်ပြီး
ပေါက်ပေါက်ရောက်ရောက်နဲ့ သူတို့လောကမှာ နံပါတ် တစ်နေရာယူထားတာတဲ့ ငါတို့နဲ့အသက်သိပ်မကွာဘူးကွ"

 NYAN'SWhere stories live. Discover now