ကားမီးရောင်ခပ်စူးစူးတွေက ပြည်လမ်းတစ်လျှောက် ပြည့်နှက်နေပြီး ည၉နာရီဆိုပေမယ့် ရန်ကုန်မြို့ညအချိန်က စည်ကားနေတုန်းဖြစ်သည်။ စတီယာကိုင်ထားတဲ့ သူ့ရဲ့ လက်ဖြူဖြူဖွေးဖွေးကလည်း ဝတ်ထားသော တန်ဖိုးကြီးနာရီကြိုးမဲလေးဖြင့် သိပ်ကို ပနံသင့်နေသည်။ သတိထားမိသလောက်သူသည် ဒီနာရီကို အမြဲတမ်းဝတ်ဆင်ထားတတ်သည်။
" ဘာစားအုန်းမလဲ ညီ "
" အာ မစားနိုင်တော့ပါဘူး
အခုတောင်ဗိုက်ပြည့်နေလို့ မလှုပ်နိုင်တော့ဘူး"" ဟက် ဟက် မပိုးထည့်ပေးသမျှအကုန်စားခဲ့တာကို "
" ခွံ့ကျွေးမတက်ဆိုတော့ အားနာလို့ပါဗျာ"
" ဟား ဟား အိမ်ရောက်ရင် ကိုယ် အစာကြေဆေး လာပေးမယ် စောင့်နေနော် "
" အင်း "
တဖန်ပြန်တိတ်ဆိတ်သွားတာကြောင့် ကားမှန်ကနေအပြင်ကို ငေးကြည့်နေမိသည်။ဒီနေ့လ်ို နှစ်ယောက်ထဲ နီးနီးကပ်ကပ်ရှိတဲ့ အချိန်တွေ ထပ်ရှ်ိလာဖို့က မသေချာတော့တာမို့ သက်ပြင်းချလိုက်မိသည်။ ဒီတစ်ခေါက်ရန်ကုန်လာတာ
လာခြင်းမကောင်းခဲ့ဘူး။ သူ့နှလုံးသားရော စိတ်ပါ
ကပြောင်းကပြန်တွေဖြစ်ကုန်ပြီဖြစ်သည်။" သက်ပြင်းချနေတာ ကိုယ်လွင့်သွားပါအုန်းမယ်
မင်းလို ကလေးက ဘာတွေ တွေးပူစရာရှိနေလို့လဲ "" ဒီလိုပါပဲ "
" ဟုတ်ပါပြီကွာ အရင်တစ်ခါ ဝယ်သွားတဲ့ စာအုပ်ဖတ်ပြီးပြီလား ညီ "
" အဲ ဖတ်တော့မလို့ပဲ "
" မင်းလည်း စည်သူနဲ့ သိပ်မကွာဘူး
ဘယ်စာအုပ်နာမည်ကြီးနေပြီဆိုတာနဲ့ ဖတ်တာလည်းမဟုတ်ဘူး ဝယ်လာတာက အရင် ပြီးရင် ကိုယ်ကဖတ်ပြီး
သူ့ကိုပြန်ပြောပြရသေးတယ်"" ကျွန်တော်လည်း စာအရမ်းဖတ်တဲ့သူမဟုတ်ပေမယ့် နည်းနည်းပါးပါးတော့ ဖတ်ပါတယ် သူကကောင်းတယ်ဆို အတင်းထိုးပေးပြီး ဖတ်ခ်ိုင်းတော့တာပဲ "
" ကဲ ပြောစမ်းပါအုန်း ညီဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်လောက်"
" ရှေ့စာအုပ်တွေတော့ မမှတ်မိတော့ဘူး
ဟိုတလောကမှ သူဖတ်ခိုင်းလို့ နောက်ဆုံးဖတ်ထားတဲ့
လင်္ကာရည်ကျော်ရဲ့ ငန်းကလေးဆိုတဲ့ စာအုပ်က်ိုပြောပြမယ် "