မနက်စာစားတာနောက်ကျတာကြောင့် နေ့လည်စာကို
မစားကြတော့ဘဲ နေ့လည်၃နာရီလောက်မှ ဗိုက်ဆာလာတာကြောင့် ဉာဏ်က စားသောက်ဆိုင်လေးတစ်ခုကိုခေါ်သွားသည်။ ဆိုင်က သီးသန့်အခန်းလေးတွေနဲ့မို့ လွတ်လွတ်လပ်လပ်လည်းရှိသည်။ ဟင်းလျာတွေရဲ့
အရသာက လုံးဝစပါယ်ရှယ်မို့ ကိုယ်တိုင်ကော ဉာဏ်ကော
ထမင်းတွေအများကြီးစားခဲ့သည်။ ဉာဏ်မှာပေးသမျှ အကုန်ကြိုက်ပေမယ့် အကြိုက်ဆုံးကတော့ အသားသုပ်ဖြစ်သည်။ ခရမ်းချဉ်သီးအစိမ်းလေးနဲ့ပဲ သုပ်ထားတာမို့ ချဉ်ချဉ်လေးနဲ့ အရမ်းစားကောင်းသည်။" ဒီအသုပ်ကို ကိုယ် သဘောအကျဆုံးပဲ" လ်ို့ ကိုယ်ပြောတဲ့အခါ ဉာဏ်က ပြုံးရင်ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။
"တောင်ကြီးမှာ အခြေချကြမလားဟင်"
မဆီမဆ်ိုင်ရုတ်တရက် မေးလာတဲ့ မေးခွန်းကြောင့် စားနေရင်း လှည့်ကြည့်မိတော့ ထမင်းဝါးနေတာမလို့ ပါးတစ်ဖက်ကဖောင်းနေတဲ့ ဉာဏ်က မျက်ခုံးပင့်ပြသည်။
" အဖြေပေးထားတာ၅နာရီတောင်မရှိသေးဘူး ငါ့ညီ"
ဟာသစွက်တဲ့က်ိုယ့်အဖြေကို ဉာဏ်က သဘောတကျရယ်
သည်။ စားပြီးတော့ ပိုက်ဆံရှင်းမည့်အချိန် ဉာဏ်ကထုတ်ရှင်းနေလို့ မနည်းတားကာ ကိုယ်ကပဲထုတ်ရှင်းလိုက်သည်။ ဘယ်လိုပဲ သက်ဆိုင်သူဖြစ်ဖြစ် ကိုယ်ကအကြီးဆိုတဲ့
စိတ်က အရာအရာ ဉာဏ့်ကိုအလျော့ပေးချင်နေမိသည်။" မှိုကြော်တစ်ခါတည်း သွားယူလိုက်မယ် လမ်းကြုံတယ်"
" ဟမ် ဘယ်တုန်းကမှာထားတာလဲ"
"မနေ့ညကလေ မေမေ့ကို မှာခိုင်းလိုက်တာ"
ရှမ်းပြည်ထွက်ပစ္စည်းတွေ အစုံရတဲ့ဆိုင်အရှေ့မှာ ကားရပ်လိုက်ပြီး ဉာဏ်က လိုက်ဆင်းဖို့ခေါ်တာကြောင့် ကိုယ်ပါအတူလိုက်ဆင်းလိုက်ရသည်။
" တခြားစားချင်တာရှိရင်လည်း ယူနော်
ကျွန်တော်ဝယ်ပေးချင်လို့"" အင်း အန်တီနဲ့ မပိုးတို့အတွက် လက်ဆောင်နည်းနည်း
ဝယ်ချင်နေတာ အတော်ပဲ"