Ep 2(Part 1)

1.1K 90 5
                                    

Unicode...

ဒီနေ့နဲ့ဆို ကျောင်းတက်တာ လေးရက်ခန့်ရှိပေပြီ။ စတက်တဲ့နေ့က Gulfအတွက် အဆင်မပြေမှုတွေနဲ့ ကြုံရပေမဲ့ ခုတော့အရင်လို ပျော်စရာကျောင်းတက်ရက်တွေပြန်ဖြစ်နေပါတော့သည်။ နောက်ပြီး အစက Section C မှာကျနေတာကို မကြိုက်ပေမဲ့လည်း ခုတော့ နေသားကျသလောက်ဖြစ်နေပါပြီလေ။ တစ်ပတ်မှာ ငါးရက်တက်ရတဲ့ ကျောင်းတက်ရက်တွေမှာ လေးရက်ခန့်ရောက်နေပြီမို့ မနက်ဖြန်တက်ပြီးရင် ကျောင်းနှစ်ရက်နားရပြီဆိုပေမဲ့ ကျွန်တော်ကျူရှင်သွားရအုံးမှာမို့ နားရက်မရှိချေ။

ထို့ကြောင့် ပိတ်ရက်မရှိသော ကျူရှင်ဆရာမကို အပျိုကြီးဘဝက မြန်မြန်ကျွတ်ပါစေလို့ တစ်ဖွဲ့လုံးဆုတောင်းနေတာလည်း ဘယ်တော့ပြည့်မှာလဲမသိ၊ ဇီဇာကြောင်သောအပျိုကြီးကို ကြိုက်မယ့် Sugar Daddy မပြောနဲ့၊ မျက်လုံးတောင်စွေကြည့်မယ့် ဘဲမရှိပေ။

ဆရာမက စေ့စေ့ကြည့်ရင်မခံနိုင်ပဲ ဆတ်ခနဲကြည့်ရင်တော့လှတဲ့ထဲပါလားဆိုတော့လည်း အဝေးကြီး၊ အချိုးအစားမကျသောခန္ဓာကိုယ်က ဝါးလုံးလိုတဖြောင့်တည်းမို့ ဟိုင်းနေသော FA ပင်။ ဟက်...တော်ပြီ၊ ကျွန်တော်ဆက်ပြောရင် အပျိုကြီးရစရာမရှိတော့ပဲနေမှာ..ဟီး..။ တကယ်တော့ ဆရာမအိမ်ထောင်ကျရင် မအားတော့ဘူးဆိုတဲ့အခါ ပိတ်ရက်လိုချင်တာမို့ ဘဲမြန်မြန်တွေ့ပါစေဆုတောင်းနေရတာ..ဟွန့်..။

အခု ကျွန်တော်က မုန့်စားဆင်းချိန်မပြည့်သေးတာမို့ ကျောင်းပြန်မတက်ခင် စာရေးနေခြင်းဖြစ်သည်။ မျက်စိရှေ့စားပွဲပေါ်က ဒိုင်ယာရီစာအုပ်လေးထဲ စာလုံးလေးတွေကို ပြန်ကြည့်ရင်း ပြုံးလိုက်မိသည်။ တခြားသူတွေအတွက်တော့ ဒိုင်ယာရီဆိုတာ ကိုယ်ရဲ့တစ်နေ့တာအကြောင်းတွေ၊ အမှတ်တရတွေ၊ စိတ်ခံစားချက်တွေကို ရေးသားပြီး စာအုပ်အဖြစ်နဲ့သိမ်းဆည်းထားတာမျိုးတဲ့။

ကျွန်တော့်အတွက်လည်း မထူးပါဘူးလေ၊ ကျွန်တော့်အကြောင်းတွေ ရေးဖို့ထားထားတာပဲ။ ဒါပေမဲ့ သူများတွေနဲ့ မတူညီတဲ့အချက်က ပုံမှန်လူတွေလို အိမ်မှာညဘက်မှရေးပြီး ခေါင်းအုံးအောက် ဒါမှမဟုတ် စာကြည့်စားပွဲပေါ်ထားတတ်တာမျိုးမဟုတ်ပဲ ကျွန်တော်က သွားလေရာယူသွားတတ်ကာ မှတ်မှတ်ရရခံစားချက်များကို အားသလို ချက်ချင်းရေးတတ်တာပင်။

"ထာဝရ...သူ"Where stories live. Discover now