Unicode...
"ဟင် ဓာတ်ပုံတွေပဲ။ ဟာ သားလေးပုံတွေ"
"ဟယ် ဒါက ဘာတွေလဲ။ ဒါတွေက ဘာတွေလဲ"
စာအိတ်ထဲက ထွက်ကျလာသည့် ပုံတွေက လေး၊ ငါးပုံလောက်သာ ဖြစ်သော်လည်း လင်မယားနှစ်ဦးလုံးအံ့အားသင့်သွားရသည်။
"ဒါ..ဒါကသားရဲ့ပုံတွေမို့လား။ ဒီထဲက ကောင်လေးက သားဆိုတာ သေချာတယ်မို့လား။ အာ့ဆို ဒီတစ်ယောက်ကရော၊ ဒီဘက်က ကောင်လေးဘယ်သူလဲ။ ဘယ်သူမို့လို့ သားကို နမ်းနေတာလဲ။ သူတို့က ဘာဖြစ်နေကြတာလဲ။ ဘယ်လိုပတ်သက်မှုမျိုးကြီးလဲ"
Gulf ၏မေမေတစ်ယောက် အံ့သြမှုနှင့်အတူ စိုးရိမ်မှုများက ကြီးစိုးလာကာ နှုတ်မှ တရစပ်မေးမြန်းနေတော့သည်။ ဇနီးဖြစ်သူရဲ့ အထိတ်တလန့်မေးမြန်းသံအဆုံး သူကိုယ်တိုင်ပါ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရလေသည်။
ဟုတ်ပါသည်။ စာအိတ်ထဲက ပုံလေးတွေ Gulf ဖြစ်သူနှင့် သူ၏ချစ်ရသူ Mew တို့ပါပင်။ မိခင်လက်ထဲရှိ Gulf ရဲ့နဖူးကို Mew နမ်းနေသည့် ပုံက တကယ်ပဲ မိဘတွေကို ရှော့ရသွားစေခဲ့သည်။ နောက်တစ်ပုံက ခုံတန်းလေးတစ်ခုထက်၌ နှစ်ယောက်သားထိုင်နေခဲ့ပြီး တစ်ယောက်ပခုံးပေါ်တစ်ယောက် မှီနေသည့်ပုံဖြစ်လေသည်။
နောက်တစ်ပုံကတော့ Gulf လေးရဲ့ ဦးခေါင်းထက်ရှိ ဆံပင်တွေကို Mew က ဖွကိုင်နေသည့်ပုံပင်။ အရေအတွက်ဘယ်လောက်မှ မရှိသောပုံလေးတွေက အနေအထားမတူညီကြသော်လည်း နှစ်ယောက်စလုံးက သာမန်ထက်ထူးခြားနေသည့်ပုံတွေမှန်းတော့ သိသာတာမို့ စိုးရိမ်စိတ်တွေဝင်ရောက်လာတော့သည်။
ဘုရား..ဘုရား....ခု သားက ယောကျာ်းလေးချင်းကြိုက်နေတာများလား....။
"အမလေး ကုန်ပါပြီ ကုန်ပါပြီ၊ သားလေးတစ်ယောက်ရှိတာ ဘယ်လိုဖြစ်နေရတာလဲ။ ပြောတာ စာစုကျက်ကြမှာဆိုပြီး၊ ခုတော့ ဒီပုံတွေက ဘယ်လိုထွက်လာရတာလဲ အီး..ဟီး.."
"စိတ်လျော့ စိတ်လျော့ပါ မိန်းမရာ။ တကယ်သာ အဲ့လိုမျိုးဆို ကိုယ်တို့တစ်ခုခုစီစဥ်ကြတာပေါ့။ နည်းလမ်းရှိမှာပါကွာ..နော်"
ဓာတ်ပုံတွေကို ကြည့်ရင်း ဟီးခနဲငိုချလာကာ တဆက်တည်း ဒေါသပါထွက်လာတော့သည်။ သားတစ်ယောက်မွေးထားသော မိခင်တစ်ယောက်ရဲ့ စိတ်ထဲ၌ ကိုယ့်သားက ငယ်ငယ်ကတည်းက မူမမှန်သောလူမျိုး မဟုတ်ခဲ့ပါပဲ ခုမှ ယောကျာ်းလေးချင်းကြိုက်နေသည့်အခြေအနေကို တွေ့မြင်ရသောအခါ ဘယ်မှာ စိတ်အေးနိုင်ပါ့မလဲ။
YOU ARE READING
"ထာဝရ...သူ"
Fanfictionမိဘတွေဆန္ဒအရ ဘန်ကောက်ရှိအဒေါ်ထံရောက်လာပြီး နာမည်ကြီးအထက်တန်းကျောင်းကိုတက်ရောက်ရမည့် လူချောလေး Mew... ထိုကျောင်းတွင် တက်ရောက်နေနှင့်ပြီးသော ရူပါရော၊ပညာပါ ပြီးပြည့်စုံသည့် ကျောင်းသားဟောင်း Gulf... ကံဇာတ်ဆရာအလိုကျ တစ်ကျောင်းတည်းတွေ့ဆုံကြမည့် သူတို့နှစ်...