A/N 2

466 36 19
                                    

Unicode...

Hi...all my readers,

ဒီ A/N လေးကတော့ ဒီ fic လေးနဲ့ပတ်သက်ပြီး ရှင်းပြ၊ ပြောပြချင်တာတွေကို up ပေးတာဖြစ်ပါတယ်။ ရေးချင်တာတွေများနေလို့ ဘယ်ကစရေးရမှန်းကို မသိတော့ဘူး...ဟီး။

ပထမဆုံးတစ်ခုအနေနဲ့ မေနှင်းအရင်က ဒီ fic လေးဟာ 2013 လောက်က ရေးထားတဲ့ မေနှင်းရဲ့ပထမဆုံးလက်ရာလေးကို BL အသွင်ပြောင်းထားခြင်းဖြစ်ကြောင်း ပြောပြခဲ့ပေမယ့် တကယ်တမ်းကျတော့ အဲ့ဒီ့စာအုပ်လေးက BL အနေနဲ့အဆင်မပြေတာတွေအများကြီးတွေ့ခဲ့တာမို့ ဒုတိယတစ်အုပ်ဖြစ်တဲ့ 2018,3 လပိုင်းလောက်က ရေးဖြစ်ခဲ့တဲ့ "တစ်ခါက...သူ" ဆိုတဲ့ Normal လေးကိုသာ ပြောင်းလဲရေးသားဖြစ်ခဲ့ပါတယ်။ ဒီအတွက်လည်း အားလုံးကို တကယ်တောင်းပန်ပါတယ်ရှင်။ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။

ဒုတိယတစ်ခုအနေနဲ့ကတော့ ဒီ fic လေးရဲ့ လျှို့ဝှက်ချက်ကို ပြောပြမှာဖြစ်ပါတယ်။ ဒီ fic လေးအတွက် Plot ကိုတော့ မေနှင်းလွယ်လင့်တကူပဲရခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ အားလုံးဖတ်ရှုပြီး အသည်းယားနှစ်သက်ခဲ့ကြတဲ့ ဦးလေးကြီးနဲ့ကောင်လေးဟာ ဒီဇာတ်လမ်းလေးအဆုံးမှာ ပေါင်းစည်းခဲ့ရပေမယ့် real life က ဦးလေးကြီးတို့ကတော့ ကွဲကွာသွားခဲ့ကြပါတယ်။

မှန်ပါတယ်၊ ဒီဇာတ်လမ်းလေးက လက်တွေ့ဘဝထဲက ဖြစ်ရပ်တစ်ခုကို အခြေခံထားတာမို့ တချို့သောဇာတ်ကွက်အနည်းအကျဥ်းဖြည့်စွက်ထားတာကလွဲရင် ဖြတ်ချပြောင်းလဲထားတာမျိုးမရှိပါဘူး။ ဒါကြောင့် အရင်က မေနှင်းရေးခဲ့တဲ့ ဇာတ်လမ်းတွေထက် ဒီဇာတ်လမ်းလေးမှာ ပိုပြီး Mood သွင်းရမခက်ခဲ့ပါဘူး။

အခြေအနေတွေကြောင့် ဖြစ်သင့်တဲ့အချိန်ထက် ပိုကြာသွားခဲ့ရပြီး စိတ်ညစ်စရာတွေကြုံခဲ့ရတာမို့ နားခဲ့ရတာတွေရှိပေမယ့် ဒီ fic လေးရေးနေချိန်မှာတော့ အထူးတလည် Mood သွင်းပြီး လုပ်ယူစရာမလိုတဲ့ခံစားချက်တွေရှိနေခဲ့တယ်။

အထက်မှာပြောခဲ့သလိုပဲ ပေါင်းစည်းခွင့်မရလိုက်တဲ့ ဦးလေးကြီးတို့ကို မေနှင်း real life ဆန်အောင်ပဲ ထပ်တူခံစားချက်နဲ့ တကယ်ပဲ SE ရေးဖို့ဆုံးဖြတ်ခဲ့တယ်။ စလုံးရေစ မရေးခင်ကတည်းက ငါ ဒီ fic ကို SE ရေးမယ်လို့ဆုံးဖြတ်ထားခဲ့ပြီး ဘဝမှာ ပထမဆုံးနဲ့နောက်ဆုံးရေးတဲ့ SE ဖြစ်ဖို့လည်း တွေးထားခဲ့တယ်။ မန့်တွေမှာ SE မလုပ်ဖို့၊ မဖြစ်စေချင်လို့ ပြောကြတာတွေကိုလည်း သေချာပြန်မပေးဘဲ မရေမရာပဲပြောခဲ့ပါတယ်။ သတိထားမိကြမှာပါ။

"ထာဝရ...သူ"Where stories live. Discover now