Unicode...
သည်းထန်စွာရွာနေပြီဖြစ်သော မိုးစက်မိုးပေါက်များရဲ့အောက် လမ်းမကြီးထက်၌ ကားတစ်စီးက လူတစ်ယောက်ကို တိုက်သွားလေသည့် မြင်ကွင်းမှာ သက်ဆိုင်သူတွေအဖို့ မှင်သက်သွားရလောက်အောင် သွေးပျက်သွားစေခဲ့သည်။
Gulf တစ်ယောက် ကိုကိုတွန်းလိုက်တာမို့ လွတ်သွားသော်လည်း သူကိုယ်တိုင်ပါ လဲသွားတာမို့ ထိခိုက်ပေမယ့် ပွန်းပဲရုံသာမို့ ဘာမှမဖြစ်ဘူးဟု ပြောလို့ရလေသည်။
"ကိုကို!! ငါ့ကိုကို ကားတိုက်မိသွားတာ!! "
ဒုန်းခနဲအသံနှင့် လွင့်သွားသော ကိုကို့ကို မြင်လိုက်ရသည့်အချိန် လူက မတ်တပ်ရပ်လိုက်ပေမယ့် မလှုက်မယှက်ပင် ကျောက်ရုပ်တစ်ရုပ်လို ကြောင်ပြီးရပ်နေမိသည်။ သို့သော် ဦးနောက်က ခြေလှမ်းတွေကို ရွေ့သွားဖို့အချက်ပေးလာသည့်နောက် ရှိသမျှအားနှင့် အသားကုန်အော်ကာ လဲကျသွားသောကိုကို့ဆီ ပြေးလိုက်မိတော့သည်။
မြင်လိုက်ရသည့်မြင်ကွင်းက မလှခဲ့ပါ။ ဦးခေါင်းမှ သွေးထွက်ယိုစီးနေသောကိုကိုက မလှုပ်နိုင်တော့ဘဲ အသက်ကို လုရှုနေရသည့်ဟန်...။
"ကိုကို ကိုကို!! သတိရသေးရဲ့လား။ ကိုကို ကျွန်တော့်ကိုကြည့်ပါအုံး။ ကျွန်တော့်ကိုမြင်သေးတယ်မဟုတ်လား။ သွေးတွေအျးများကြီးထွက်နေပြီကိုကို၊ အရမ်းနာနေလား"
"အား...အ.. ကောင်လေး..ဘာ..ဖြစ်..သွား.."
"မဖြစ်ဘူး ကျွန်တော်ဘာမှမဖြစ်ဘူး။ ကိုကိုလည်းဖြစ်လို့မရဘူးနော်။ ဆေးရုံထဲသွားမယ်။ ကိုကိုဘာမှမဖြစ်ရဘူး။ တောင့်ထားနော်၊ မအိပ်လိုက်....ကိုကို...!!!! "
ကျွန်တော် ကောင်လေးဘာမှမဖြစ်ရင်ပဲ ကျေနပ်ပြီမို့ နာကျင်နေသောခံစားချက်ကို သက်သာစေဖို့ မျက်ဝန်းများကို မှိတ်လိုက်မိသည်။
Gulf တစ်ယောက် ကိုကို့ကို ပွေ့ထားရင်း စကားမဆုံးသေးပဲ မျက်လုံးများမှိတ်သွားသည်ကို မြင်လိုက်ရသည်နှင့် ထိတ်လန့်တကြားအော်ဟစ်လေတော့သည်။
"ကိုကို!! မအိပ်နဲ့အုံးလို့၊ ကျွန်တော့်ကို ထားမသွားနဲ့ဆို ကိုကိုရေ။ လာကြပါအုံး ကူညီကြပါအုံး။ ကိုကို့ကို ကယ်ပေးကြပါ အီးဟီး.."
YOU ARE READING
"ထာဝရ...သူ"
Fanfictionမိဘတွေဆန္ဒအရ ဘန်ကောက်ရှိအဒေါ်ထံရောက်လာပြီး နာမည်ကြီးအထက်တန်းကျောင်းကိုတက်ရောက်ရမည့် လူချောလေး Mew... ထိုကျောင်းတွင် တက်ရောက်နေနှင့်ပြီးသော ရူပါရော၊ပညာပါ ပြီးပြည့်စုံသည့် ကျောင်းသားဟောင်း Gulf... ကံဇာတ်ဆရာအလိုကျ တစ်ကျောင်းတည်းတွေ့ဆုံကြမည့် သူတို့နှစ်...