Ep 10

892 93 12
                                    

Unicode...

ဘာလိုလိုနှင့် ကျောင်းတက်လာတာ နှစ်လယ်လောက်ရောက်နေပြီပဲ။ အောက်တိုဘာလကို ရောက်ပြီမို့ လလယ်ဆို ကျွန်တော်မနှစ်မြို့တဲ့ မိုးရာသီကြီးပြီးဆုံးသွားပြီး အရှေ့မြောက်မုတ်သုံလေဝင်ရောက်လာတာမို့ ဆောင်းဦးဝင်ပြီဖြစ်သည်။ အဲ့ဒီအချိန်က ဘန်ကောက်မြို့မှာ ကျွန်တော်အကြိုက်ဆုံးအချိန်ပင်ဖြစ်လေသည်။

ပြီးတော့ အောက်တိုဘာလမှာ ပိတ်ရက်ရှည်လာအုံးမှာမို့ စာမေးပွဲဖြေပြီးတာနှင့် ပိတ်ရက်ရောက်လျှင် ဦးလေးကြီးက ချင်းမိုင်ကိုအလည်ပြန်အုံးမှာမို့ ထိုရက်တွေတော့ ကျွန်တော်တစ်ခုခုလိုနေသလို ခံစားရအုံးမှာ အသေအချာပင်...။

ထို့ပြင် နှစ်လယ်ရောက်သည်အထိ ကျွန်တော် ဦးလေးကြီးကို ခံစားချက်ရှိနေတာ ထုတ်မပြောဖြစ်..၊ အစကတော့ သူဖွင့်ပြောတာကို စောင့်နေပေမယ့် သူ့မှာရည်းစားရှိနေတော့ သူပြောလာအုံးမှာမဟုတ်ဟု တွက်ဆမိတာကြောင့် ကျွန်တော်လည်း သာမန်တိုင်းသာဆက်နေဖြစ်တော့သည်။

အမှန်ဆို ကျွန်တော်လည်း ယောကျာ်းလေးမို့ ပုံမှန်အခြေအနေအတိုင်းသာဆိုလျှင် ကျွန်တော့်ဘက်ကစပြောလည်းရပေမယ့် ခုအအနေအထားအရကျတော့ ကျွန်တော်ထုတ်ပြောလိုက်မှ သူ အားနာနေရတာမျိုးမဖြစ်ချင်ပါ၊ သူ့ကောင်မလေးသိရင်လည်း မကောင်းဘူးမဟုတ်လား..။

ထို့ကြောင့် တစ်ယောက်တည်းကျိတ်ချစ်နေရတာလည်း ကောင်းပါတယ်လေ၊ တဖက်သတ်ချစ်နေရတာက လုံးဝအဆင်ပြေတာမျိုးမဟုတ်ပေမယ့် ကျွန်တော်တို့ကြားမှာ ရှုပ်ထွေးမလာတော့ တစ်မျိုးကောင်းတာပဲဟုသာ တွေးကာ မြိုသိပ်ထားလိုက်တော့သည်။

"ဟေ့ ကောင်လေး ဘာတွေတွေးနေတာလဲ

"အော... ဘာမှမဟုတ်ပါဘူး။ ဝါး..ဒါ ကျွန်တော့်အတွက် ဝယ်လာတာလား"

ကျွန်တော် ကောင်လေး ဘေးမှာဝင်ထိုင်ပြီး ဝယ်လာတဲ့ ပဲနို့နှစ်ဘူးနှင့် မုန့်တွေကို စားပွဲပေါ်တင်လိုက်ပြီး တစ်ဘူးကို သူ့ရှေ့ချပေးတော့ ကလေးပေါက်လေးက ပဲနို့ကို ကောက်ယူကာ ရယ်ရင်းမေးလိုက်တာက ဘာမှမထူးဆန်းသော အပြုအမူဆိုပေမယ့် ကျွန်တော့်အတွက်တော့ တကယ်ကိုကြည့်မဝစွာ ချစ်ဖို့ကောင်းနေလေသည်။ ပြီးတော့ မေးသာမေးတာ၊ ပြန်ဖြေတာလည်းမစောင့်ပဲ ချက်ချင်းဖောက်လိုက်ပြီး ငုံထားသေးတာမို့ ကလေးလေးလိုပါပင်...။

"ထာဝရ...သူ"Where stories live. Discover now