Ep 31

613 55 2
                                    

Unicode...

ဒီနေ့ဆို ကိုကိုသတိရလာတာ နှစ်ရက်ခန့်ရှိပေပြီ။

ညဘက်အိပ်မပျော်လို့ ကိုကိုတစ်ယောက်အိပ်နေပုံလေးကို ကြည့်နေရင်းက ကိုကိုသတိရလာမယ်လို့ ဘယ်ထင်မိပါ့မလဲ။ နောက်ဆုံးတော့ အချိန်ရှိသရွေ့တောင်းနေခဲ့ရတဲ့ ဆုလေးပြည့်လာခဲ့လေပြီ။

သတိရလာလာချင်း ကိုကိုရဲ့ "ကောင်လေး" ဆိုသော အသံလေးက တိုးဖျော့ပြီးအားလျော့နေပေမယ့် ချစ်ရိပ်တွေကတော့ ပြည့်ဝနေမှန်းတော့ ခံစားရပါသည်။ ကိုကိုခေါ်လိုက်တဲ့အချိန် ရင်ထဲမှာ နေမင်းအစင်းတစ်ရာဖြတ်ပြီးတောက်ပသွားသလို ညနက်ကြီး လင်းနေသယောင်ခံစားရတာကိုတော့ ကျွန်တော်သာအသိဆုံးပါပင်။

ထိုညက လှုပ်လို့ရတဲ့လက်တစ်ဖက်လေးအား မြှောက်ပြီး ကျွန်တော့်ပါးပြင်လေးကို ထိတွေ့လာကာ "ကောင်လေးကို မတွေ့ရတော့ဘူးထင်နေတာ" ဆိုတဲ့စကားသံ ဖျော့ဖျော့လေးကလည်း ကျွန်တော့်ကို မျက်ရည်ဝဲလာစေခဲ့သည်။

ကျွန်တော်လည်း အဲ့လိုဖြစ်သွားမှာ သေမတတ်ကြောက်ခဲ့ရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ထွက်သွားတဲ့လူထက် ကျန်ရစ်တဲ့လူက ပိုနာကျင်ရတာမို့ ကိုကိုမရှိဘဲနေရတော့မှာဆိုတဲ့စိတ်က ဘယ်လောက်တောင်ကြောက်လန့်စေတာလည်း ခံစားခဲ့ရဖူးပြီးပြီလေ။

သတိရလာလာချင်းကိုပဲ နှစ်ယောက်သားတော်တော်ကြာအောင် ဖက်ပြီးငိုနေမိတာနဲ့ Mild လည်း နိုးလာကာ ဆရာဝန်ပြေးခေါ်ခဲ့သည်။ စိတ်ချရပြီဆိုမှ သက်ပြင်းချနိုင်တော့ကာ မိုးမလင်းသေးတာမို့ ထိုညက ကျွန်တော် ကိုကို့နားမှာပဲ ကုတင်ကိုမှီရင်း ဆက်အိပ်ဖို့ဆုံးဖြတ်လိုက်တော့သည်။

"ကိုကို ဆန်ပြုတ်သောက်ရအောင်"

ကျွန်တော်ဆန်ပြုတ်ပန်းကန်လေးကိုင်ကာ ဝင်လာသည်နှင့် ထိုသို့ ပြောလိုက်တော့ ပက်လက်လှဲနေတာမဟုတ်ဘဲ ကုတင်ခေါင်းရင်းကို ခပ်လျှောလျှောမှီနေကာ စောင်လေးကို ခါးစပ်နားထိခြုံထားသော ကိုကိုက မျက်နှာလေးရှုံ့မဲ့ကာ...

"ကောင်လေး ဆန်ပြုတ်သောက်ရအောင် ကိုယ်ကဖျားနေတဲ့လူနာ ဟုတ်ဘူးလေ။ သောက်ချင်ဘူး"

"ထာဝရ...သူ"Where stories live. Discover now