Unicode...
"ထာဝရသူ"
(MewGulf fan fic)
Ep 19ဒီလိုနဲ့ Gulf တစ်ယောက် ဦးလေးကြီးကို အဖြေပေးပြီးနောက်ပိုင်း ချစ်ရသူတစ်ယောက်ရှိနေသည့်ခံစားချက်က အရင်နဲ့လုံးဝကွဲပြားသွားသည့်အခြေအနေဟုပြောရလောက်အောင် မထူးခြားခဲ့ပေ။ နှစ်ယောက်လုံးက အထက်တန်းကျောင်းသားလေးတွေပဲ ရှိသေးသည်မဟုတ်ပါလား။
သို့သော်ငြား ငါတစ်ခုခုဖြစ်ရင် မိသားစုအပြင် သူငယ်ချင်းထက်ပိုပြီးရင်းနှီးတဲ့ ရင်ဖွင့်တိုင်ပင် ရွေးချယ်စရာ၊ ယုံကြည်ရသည့် အားကိုးရသူတစ်ယောက်ရှိနေသေးပါလား ဆိုသည့်ခံစားချက်ကတော့ အရာရာမှာ စိတ်လုံခြုံမှုတွေရနေစေတာကတော့ အမှန်ပင်။
တကယ်တော့ နှုတ်ဆက်ပွဲနေ့မှ အဖြေပေးဖို့စဥ်းစားထားတာက မထင်မှတ်ပဲအခြေအနေတွေအရ စောစောတွဲဖြစ်သွားပေမယ့် စိတ်ချမ်းသာမှုတွေနဲ့ ကြည်နူးစရာအခိုက်အတန့်တွေကို စောစောပိုင်ဆိုင်ခွင့်ရတာကြောင့် ပြန်တွေးလိုက်တိုင်း နောင်တရစရာတော့ မဟုတ်ခဲ့ကြောင်း ဦးလေးကြီးရဲ့ အပြုအမူတွေက သက်သေပြနေသည်မို့ ကျေနပ်ရပါသည်။
ဘယ်သူမဆို ကိုယ့်ဆုံးဖြတ်ချက်က အထိုက်အလျောက်တော့ ကိုယ့်ကိုစိတ်ချမ်းသာမှုတွေပြန်ဖန်တီးနေပေးရင် တွေးလေ၊ ကျေနပ်မှုရှိလေပင် မဟုတ်ပါလား...။
"သားရေ ရေချိုးပြီးရင် စားဖို့လာခဲ့တော့လေ"
"အာ ဟုတ်ကဲ့ မေကြီး"
အတွေးလွန်နေတုန်း မေကြီးအော်သံကြောင့် Gulf တစ်ယောက် ရေမြန်မြန်ချိုးပြီးဖို့ ပြင်ရတော့သည်။ ဦးလေးကြီးဆိုတာ တကယ်ကို လက်ရှိကမ္ဘာကိုတောင် မေ့သွားအောင်လုပ်နိုင်စွမ်းအပြည့်ရှိတာပဲ...။ ဟီး... ကျွန်တော်ကပဲ ချစ်သူကို အမွှန်းတင်နေမိတာပဲလား...။ ဘာပဲဖြစ်ဖြစ် ကိုယ်ထင်ကုတင်ရွှေနန်းဆိုသလို ကိုယ်ပျော်ဖို့က အရေးကြီးတာပဲလေ။
"သား"
"ဟုတ် ဖေကြီး"
"ဖေကြီးထင်တယ် သားက စာတွေလိုက်နိုင်ရဲ့လားလို့မေးစရာတော့မလိုဘူးလို့။ အဲ့တော့ အဆင်မပြေတာဘာရှိလဲ၊ ဘာလိုလဲ ပြောနော်"
YOU ARE READING
"ထာဝရ...သူ"
Fanfictionမိဘတွေဆန္ဒအရ ဘန်ကောက်ရှိအဒေါ်ထံရောက်လာပြီး နာမည်ကြီးအထက်တန်းကျောင်းကိုတက်ရောက်ရမည့် လူချောလေး Mew... ထိုကျောင်းတွင် တက်ရောက်နေနှင့်ပြီးသော ရူပါရော၊ပညာပါ ပြီးပြည့်စုံသည့် ကျောင်းသားဟောင်း Gulf... ကံဇာတ်ဆရာအလိုကျ တစ်ကျောင်းတည်းတွေ့ဆုံကြမည့် သူတို့နှစ်...