Unicode...
ကျွန်တော့်ဘေးကို ဝင်ထိုင်ကာ ခေါက်ဆွဲဘူးလေးပါ စားပွဲပေါ်တင်ပေးပြီး တောင်းဆိုဟန်နှင့်ပြောနေသော ဦးလေးကြီးကို ကျွန်တော်စိတ်ရင်းနဲ့ဆို ငြင်းမည်မဟုတ်ပါ။ အရင်တုန်းက အခြေအနေမျိုးဆို တွေဝေမှုမရှိပဲ ချက်ချင်းလက်ခံလိုက်မှာဖြစ်သော်လည်း ကျွန်တော်ဆုံးဖြတ်ထားသည့်အတိုင်း ကင်းကင်းရှင်းရှင်းနေဖို့အတွက် လေသံခပ်အေးအေးနှင့်သာ ပြန်ပြောမိလိုက်သည်။
"ဘာပြောစရာရှိနေတာလဲ။ ကျွန်တော်တို့ကြားမှာ ပြောစရာမရှိဘူးထင်တယ်"
ရင်နာရသည်။ ဒီစကားတွေကြားရတော့ သုံးရက်တာလုံး မတွေ့ခဲ့ရ၊ မမြင်ခဲ့ရလို့ လွမ်းနေခဲ့တာထက် ခုလိုအတူတူထိုင်နေရက်နဲ့ ဒီလိုကြားရတော့ ပိုခံစားရသည်။ မှားတာပါ၊ ဒီဦးလေးကြီးက အသုံးမကျခဲ့လို့ ကောင်လေးဖျားသွားခဲ့ရတဲ့အထိဖြစ်ခဲ့တာပါ...။ အဲ့ဒါတောင် ကောင်လေးခံစားနေရတာကိုမသိပဲ ပြောမိတာတွေကို တကယ်နောင်တရမိတာမို့ အခွင့်အရေးလေးတစ်ခါလောက်ဖြစ်ဖြစ်ပြန်မပေးချင်ဘူးလား ကောင်လေးရာ...။
"အာ..ဒါပေမဲ့ ကိုယ်ကတော့ ပြောစရာလေးရှိတယ်။ ပြီးတော့ ကိုယ်တို့ကြားက ကွာဟနေတဲ့ အချက်နဲ့ အထင်လွဲနေမှုလေးကိုလည်း ရှင်းချင်လို့"
"မလိုတော့ဘူးလေ။ ဟိုနေ့က ကျွန်တော် အပြီးပြောလိုက်ပြီးသားမဟုတ်ဘူးလား။ တကယ်တော့ ကျွန်တော်မှားတာပါ။ အရာရာတဖက်စွန်းရောက်လွန်းတဲ့ ဒီကောင်က မှားတယ်ဆိုတာသိတာမို့ ဘာမှလည်းရှင်းပြစရာမလိုတော့ဘူး။ တောင်းပန်ဖို့လည်းမလိုတော့ဘူး ရပြီလား"
ကျွန်တော်သိသည်..။ ခုချိန်မှာ ကောင်လေးက လေသံအေးအေးနှင့် ပြောနေပေမဲ့ ပြီးရင်တစ်ယောက်တည်းလူမရှိတဲ့နေရာမှာ ကြိတ်ငိုတော့မှာ...။ သန်မာချင်ယောင်ဆောင်နေတဲ့ကောင်လေးက တကယ်တော့ စိုးရိမ်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ စိတ်ထိခိုက်စရာတွေပြည့်နေသူမို့ လူကွယ်ရာရောက်မှ ဖွင့်ထုတ်အံကျတာမျိုး...၊ ထို့ကြောင့် ကျွန်တော် ဒီအခွင့်အရေးလေးကို ရမှဖြစ်မည်၊ မဟုတ်ရင် နေကောင်းခါစ ကောင်လေးရဲ့စိတ်ဒဏ်ရာတွေကို ပြန်ဆွနေသလိုဖြစ်နေမှာ...။
YOU ARE READING
"ထာဝရ...သူ"
Fanfictionမိဘတွေဆန္ဒအရ ဘန်ကောက်ရှိအဒေါ်ထံရောက်လာပြီး နာမည်ကြီးအထက်တန်းကျောင်းကိုတက်ရောက်ရမည့် လူချောလေး Mew... ထိုကျောင်းတွင် တက်ရောက်နေနှင့်ပြီးသော ရူပါရော၊ပညာပါ ပြီးပြည့်စုံသည့် ကျောင်းသားဟောင်း Gulf... ကံဇာတ်ဆရာအလိုကျ တစ်ကျောင်းတည်းတွေ့ဆုံကြမည့် သူတို့နှစ်...