Ep 8

820 89 13
                                    

Unicode...

အေးချမ်းလှတဲ့ညချမ်းမှာ လမင်းကြီးက ဝိုင်းစက်ကာ တစ်လောကလုံးကို အလင်းရောင်လေးတွေဖြန့်ကျက်နေချိန်၌ မှိတ်တုတ်မှိတ်တုတ်ကြယ်လေးတွေကပါ ချစ်စဖွယ်ကောင်းလှစွာ ပါရမီဖြည့်ပေးနေလေသည်။

ဤသို့ ညချမ်းချိန်တွင် အပြင်ဘက်ပတ်ဝန်းကျင်၌ သာယာနေပါသော်လည်း လောကကြီးအလယ်ရှိအိမ်ပေါင်းများစွာအနက်မှ တစ်အိမ်၌နေထိုင်သော ကောင်လေးကတော့ အိပ်မပျော်နိုင်ရှိနေလေသည်။ ထိုကဲ့သို့ အိပ်မပျော်ရခြင်းမှာ ည၏အလှအပကိုခံစားနေခြင်းကြောင့်လားဆိုတော့ မဟုတ်ရပါ..၊ ပူလောင်နေသောရင်ထဲရှိအစိုင်အခဲကြောင့်ပင်..။

ချစ်ရသူကို မြင်မြင်ခြင်းသဘောကျခဲ့မိပြီးနောက် တဖြည်းဖြည်းရင်းနှီးလာပြီးမှ ဘယ်လောက်မှမကြာသည့်အချိန်အတွင်း ဆက်ဆံရေးပြတ်စဲသွားတာက ဘာကြောင့်မှန်းမသိလိုက်သော အကြောင်းပြချက်တစ်ခုကြောင့်ဆိုတာကို လက်မခံချင်ဖြစ်နေသည်။

( "တော်ပါတော့ ကျွန်တော့်ကို မတည်နိုင်တဲ့ ကတိတွေလာမပေးပါနဲ့တော့။ မလုပ်ပေးနိုင်တဲ့အရာတွေလည်း လာမပြောပါနဲ့တော့" )

ကျစ်...ကျွန်တော် ဘာကတိကိုမတည်ခဲ့တာလဲ။ စဥ်းစားလို့မရ..။ အမြဲစောင့်ရှောက်ပေးမယ်၊ ကာကွယ်ပေးမယ်ဆိုတဲ့အတိုင်း ကျွန်တော်အမြဲရှိနေတာပဲလေ...။ ကိုယ်ချစ်ရသူ နာကျင်နေတာ၊ ခံစားနေရတာ၊ ငိုနေရတာကို ဘယ်သူက ကြည့်ချင်မှာလဲ...။

( ကျွန်တော်ဘာတွေကြုံခဲ့ရတာလဲ သိရဲ့လား။ ကျွန်တော် ဘယ်လိုခံစားခဲ့ရတာလဲ သိလားလို့...! " )

အဲ့နေ့က နေ့ခင်းလေးပဲ သူ့ကိုမတွေ့လို့ လိုက်ရှာဖို့လုပ်ရင်း ဆရာမခေါ်လို့သွားမိတာလေ။ ပြန်လာတော့ သူက ပြန်ရောက်နေပြီ...။ တကယ်ပဲ အဲ့အတွင်းမှာ သူက ဘယ်ရောက်လို့ ဘာဖြစ်ခဲ့မှန်းလည်းမသိ၊ ပိုဆိုးတာက မေးတော့လည်းဖြေ...။ အဲ့တော့ ကျွန်တော်က ဘာမှားနေတာလဲ။ စဥ်းစားလို့ရသလောက် ကျွန်တော်မမှားဘူးလို့ထင်တာမို့ သူ့စကားတွေကြားတော့ ပြန်အော်မိခဲ့သေးသည်။

ကျွန်တော်တို့နှစ်ယောက်ကြားမှာ တစ်ခုခုလွဲနေတာသေချာတယ်ဆိုတာသိပေမဲ့လည်း ကွာဟချက်ကို စဥ်းစားလို့မရ..။ ထို့ကြောင့် အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်မှာမျိုးမဖြစ်အောင် ကိုယ်ကပဲ တောင်းပန်ကာ ကျေအေးဖို့စဥ်းစားပြန်တော့ ကောင်လေးက ဒီနေ့ဆို ကျောင်းမလာတာ နှစ်ရက်ခန့်ရှိပြီ...။

"ထာဝရ...သူ"Where stories live. Discover now