Unicode...
အချိန်ကား ညနေသုံးနာရီခန့်သို့ ရောက်လာပေသည်။
Gulf တစ်ယောက် ပင်ပန်းမှုနှင့် အိပ်ဆေးပေါင်းကာ တစ်နေလုံးအိပ်ပျော်နေခဲ့ပြီး ယခုတော့ နိုးလာပေသည်။ ကိုယ့်ကိုယ်ကို နိုးနေပြီဆိုတာ သိသည်နှင့် မျက်လုံးကဆတ်ခနဲပွင့်ကာ ထထိုင်လိုက်မိတော့ ကိုယ်ပေါ်မှာ အနွေးထည်တစ်ခုက ခြုံလျှက်သား...။ သို့နှင့် ဘေးဘီကို ဝေ့ကြည့်တော့ Mist က သူ့လိုပင် ခုံတစ်လုံးပေါ်ထိုင်ရက်အိပ်နေသည်ကိုတွေ့ရသည်။ ဒါဆို ဒီဟာ Mist အင်္ကျီထင်ပါရဲ့...။
ချက်ချင်းမထသေးပဲ ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်တော့ အဝတ်စားတွေပါလဲထားသည်ကို တွေ့တာမို့ သူတို့ပဲလုပ်ပေးတာဖြစ်လိမ့်မယ်ဟု တွေးလိုက်သည်။
ဒါဆို..ကိုကိုကရော..။ ဟင်း..ကိုကိုမရှိတော့ဘူးပဲလို့ တွေးမိတာနဲ့ မျက်ရည်တွေက မဖိတ်ခေါ်ပဲ ရောက်လာတော့သည်။ ငါက ဂြိုဟ်ကောင်များဖြစ်နေပြီလား။ မိဘတွေကိုလည်း စိတ်ဆင်းရဲအောင်လုပ်တယ်။ ကိုကို့ကိုလည်း ထွက်သွားအောင်လုပ်တယ်။ အား...ငါဘယ်လိုဆက်နေရတော့မှာလဲကွာ...။
အမှန်တိုင်းပြောရရင် ကျွန်တော် ဝမ်းနည်းနေပေမယ့် စိတ်က နည်းနည်းတော့ငြိမ်နေပြီမို့ မနက်ကလောက် မသောင်းကျန်းမိတော့ပေမယ့် ရင်ထဲမှာတော့ နေလို့မရလောက်အောင် ခံရခက်နေသည်။ ရင်ထဲရှိသလိုအော်ဟစ်ငိုကြွေးလိုက်ချင်ပေမယ့် တင်းကြပ်နေကာ မနက်ကလိုအသံထွက်မလာတော့ဘဲ တစ်ဆို့နေသလိုဖြစ်နေသည်။
မျက်ရည်တွေက အတားအဆီးမရှိကျရင်း ဆက်မထိုင်ချင်တော့တာမို့ ထလိုက်သည်။ ထို့နောက် Mist အနားတိုးသွားကာ သေချာကြည့်တော့ နှစ်ခြိုက်စွာအိပ်နေတာကို တွေ့ရတာမို့ အနွေးထည်လေးကို သူ့အပေါ်ပြန်ခြုံပေးလိုက်သည်။ ငါ့ကြောင့်နဲ့ ပင်ပန်းသွားရပြီ။ တောင်းပန်ပါတယ်ဟာ..ပြီးတော့ ကျေးဇူးလည်းတင်ပါတယ်။ မင်းတို့အစွမ်းကုန်ကြိုးစားပေးခဲ့ပါတယ်။ ဟင်... သတိရလို့ စဥ်းစားကြည့်မှ ဟုတ်သားပဲ.. တခြားကောင်တွေဘယ်ရောက်ကုန်တာပါလိမ့်...။
ထားပါ...။ သူတို့လည်း နားနေကြတာနေမှာပေါ့။ တစ်ကိုယ်လုံးနေရခက်လောက်အောင် ခံစားနေရတာမို့ တစ်ယောက်တည်းအေးအေးဆေးဆေးထိုင်ချင်နေမိသည်။ ဘယ်သူမှမရှိတဲ့နေရာလေးမှာ တိတ်တိတ်လေးပေါ့။ ဘယ်သူ့ကိုမှလည်း ဒုက္ခမပေးချင်တော့တာမို့ အခန်းထဲက ထွက်ခဲ့လိုက်တော့သည်။
YOU ARE READING
"ထာဝရ...သူ"
Fanfictionမိဘတွေဆန္ဒအရ ဘန်ကောက်ရှိအဒေါ်ထံရောက်လာပြီး နာမည်ကြီးအထက်တန်းကျောင်းကိုတက်ရောက်ရမည့် လူချောလေး Mew... ထိုကျောင်းတွင် တက်ရောက်နေနှင့်ပြီးသော ရူပါရော၊ပညာပါ ပြီးပြည့်စုံသည့် ကျောင်းသားဟောင်း Gulf... ကံဇာတ်ဆရာအလိုကျ တစ်ကျောင်းတည်းတွေ့ဆုံကြမည့် သူတို့နှစ်...