Ep 17(Part 1)

755 82 10
                                    

Unicode...

"အာ..အင့်"

"Gulf ဘာဖြစ်လို့လဲ"

"ဟင် Mild ရတယ်ရတယ်၊ ဘာမှမဖြစ်ဘူး"

အိမ်ကထွက်လာတုန်းကလည်း ခုလိုပဲမိုက်ခနဲတစ်ချက်ဖြစ်သွားပေမယ့် အရမ်းကြီးတော့ ဆိုးဝါးနေတာမျိုးမဟုတ်တာမို့ အဆင်ပြေပါတယ်‌လေဟုတွေးကာ ကျောင်းကိုခေါင်းမာစွာနဲ့ ထွက်လာခဲ့သော်လည်း ခုတစ်ခါဖြစ်ပြန်တော့ Mild က မြင်သွားတာမို့ ကူပေးလာသည်။

"ဘာရတာလဲ။ လူက လေတိုက်ရင်လဲတော့မယ့်စတိုင်နဲ့ ငါလုပ်လိုက်ရ"

"ဟီး..ရပါတယ် ငါ့သူငယ်ချင်းလေးရှိနေတာကို ငါ့ကိုဘေးကနေတွဲပေးသွားပေါ့"

ပြုံးစစနဲ့ပြောလာတဲ့ ပိန်ပါးပါးမျက်ဝန်းညိုညိုလေးတွေရစ်နေတဲ့ကောင်လေးကို တကယ်ပဲအသနားပိုရသည်။ ချူချာရတဲ့ကြားထဲ ဖြစ်နေတာတွေပြဿနာက တိုက်ရိုက်ရှင်းလို့ရလောက်တဲ့အခြေအနေမဟုတ်သေးတာမို့ ငြိမ်နေရပေမယ့် ဒီဘက်ကကိုယ့်သူငယ်ချင်းကတော့ မသက်သာလှ...။

အချစ်ဦးကို ရင်ခုန်တတ်စမှာ ကြုံလာတဲ့အရာက သေးသေးလေးလို့ပြောလို့ရပေမယ့် သူ့လိုခံစားချက်ကိုဦးစားပေးလွန်းသော လူအတွက် ယောကျ်ားလေးတန်မဲ့ အားနည်းနေသူရယ်လို့ သူများတွေကို မမြင်စေချင်တာမို့ အတတ်နိုင်ဆုံးစိတ်မာနေဖို့နဲ့ ခံစားချက်တွေကို လျော့နည်းလာအောင်နှစ်သိမ့်ပေးနေပေမယ့် ရပါတယ်ဟုသာ မျက်ရည်လေးဝဲတဲတဲနဲ့ပြန်ပြောချိန်တွေဆို ဘာလုပ်ပေးရမလဲမသိတော့လောက်အောင်ပါပဲ။

"ဒီနေ့ကျောင်းမတက်ပါနဲ့လား။ တော်ကြာ တစ်ခုခုဖြစ်မှပြန်လာနေရအုံးမယ်။ မင်းအကြောင်းမင်းအသိဆုံးပဲဟာကို၊ ငါကအခန်းမတူတော့ ကြည့်ပေးလို့ခက်နေတော့ စိတ်ပူတယ်"

"ရပါတယ် Mild ရ။ ငါကျောင်းရောက်လည်း ငြိမ်ငြိမ်လေးနေမှာ ဟုတ်ပြီလား၊ ဆရာမတွေလည်း သိပ်ဝင်နိုင်တာမဟုတ်ပါဘူး။ အတန်းချိန်တွေလစ်နေမှာမို့ ငါနားနားနေနေ,နေမှာပါ။ စိတ်မပူနဲ့နော်"

"အင်းပါ တစ်ခုခုဆို ငါအပြေးလာခဲ့မယ်သိလား။ အရမ်းလည်းခံစားမနေနဲ့၊ ချစ်တာကချစ်တာပဲ။ ငါမင်းကို ကိုယ်ချင်းမစာလို့မဟုတ်ဘူးနော်၊ တစ်ခါတလေမှာ အရာရာက ကိုယ်ပိုင်ဆိုင်တိုင်းလည်း စိတ်ချမ်းသာရတာမဟုတ်တာမို့ မင်းလိုပညာရေးမှာထူးချွန်တဲ့သူကို အချစ်ဆိုတဲ့အရာဆီမှာ ကိုးကွယ်သူမဖြစ်စေချင်လို့"

"ထာဝရ...သူ"Where stories live. Discover now