Ep 17(Part 2)

740 84 9
                                    

Unicode...

လော့ချထားပြီး အသံခပ်တိုးတိုးလေးညည်းလိုက်ပေမယ့် အပြင်ကလူကြီးကတော့ ထိုအသံတိုးတိုးလေးကိုပဲ ကြားသွားတာမို့ စိတ်ပူနေရတော့သည်။

"ကောင်လေး ဘာဖြစ်လို့လဲ။ ကောင်လေး အထဲမှာဘာလုပ်နေတာလဲ။ တံခါးဖွင့်ပြီးထွက်လာခဲ့ပေးပါနော်။ ဘာဖြစ်နေတာလဲ ပြောပါ စိတ်ပူနေပြီ"

"အီးဟီး"

တဖြည်းဖြည်းကွေးလာတဲ့ လက်ချောင်းတွေကြောင့် လက်တစ်ဖက်ကိုကျန်လက်တစ်ဖက်ဖြင့် ဘယ်ညာပြောင်းပြီးဖိနှိပ်နေရသည်ကို ဘယ်သူမှမမြင်၊ မသိသလို ကျွန်တော်ကိုယ်တိုင်လည်း မသိစေချင်ပါ။ ဝဲတက်လာတဲ့ မျက်ရည်ဥလေးတွေက စီးကျလာပြီး ပါးပြင်ပေါ် ပူလာသလို မျက်လုံးကလည်း ပိတ်ဖုံးလာသောမျက်ရည်များကြောင့် ကောင်းကောင်းမမြင်ရတာမို့ လက်ခုံနဲ့သုတ်လိုက်၊ မျက်ရည်တွေက ထပ်ကျလာလိုက်နှင့် သံသရာလည်နေတော့သည်။

"ကောင်လေး စကားပြန်ပြောပါအုံး။ ဘာဖြစ်သွားပြန်တာလဲ။ ကိုယ်ဘာအမှားလုပ်မိတာလဲ ထွက်ပြောပါအုံးနော်။ ကောင်လေးမဖွင့်ပေးရင် ကိုယ်တံခါးဖျက်ပြီးဝင်လာမှာနော်"

ကျွန်တော် အတတ်နိုင်ဆုံးထိန်းနေရသည်က ကောင်လေးဘာဖြစ်သွားတာလဲ ပြဿနာရင်းမြစ်ကို မသိသည့်အပြင် ခုရော ဘာဖြစ်နေတာလဲ မသိခြင်းကြောင့်ပင်။ အရင်တစ်ခါလို သူ့ဘက်ကအခြေအနေကို မသိပဲ ကိုယ်ကပါ ဆက်ပြီးဒဏ်ရာတွေထပ်ဖြည့်နေသလို ဖြစ်မှာစိုးတာကြောင့်ပါ။

ထိုကဲ့သို့ အထဲမှာလည်း အရာရာကို ကြိတ်မှိတ်ခံစားတတ်လွန်း၍ အဆင်မပြေဖြစ်နေသောကောင်လေးရှိသလို အပြင်တွင်လည်း ဘာဖြစ်သွားမှန်း အခြေအနေကိုနားမလည်ပဲ စိတ်ပူနေတဲ့ကောင်လေးတစ်ယောက်ရှိတေလေသည်။

နောက်ဆုံး စကားပြန်မရတော့သောအခါ Mew တစ်ယောက် တံခါးဖျက်ဖို့ဆုံးဖြတ်လိုက်သည်။ ကျောင်းပိုင်ပစ္စည်းတွေ၊ ဘာညာသာရကာလာမပြောနဲ့..နောင်ခါလာနောင်ခါဈေးပဲ။ ခုချိန်မှာ ကောင်လေးလောက်ဘယ်အရာမှအရေးမကြီးဘူး။

ထိုကဲ့သို့ ဆုံးဖြတ်ပြီးနောက် သန့်စင်ခန်းမှ ထွက်ကာ အပြင်ဘက်တွင် အုတ်ခဲတစ်လုံးလောက်သွားရှာလာပြီးသည့်အခါ တံခါးကို တဝုန်းဝုန်းထုတော့သည်။ ဘယ်လိုပဲလုပ်လုပ် အထဲကလော့ချထားတာမို့ အပြင်ကတံခါးသာ အရာတွေထင်ကာ ပွင့်မလာတာမို့ ဘာလုပ်ရမလဲစဥ်းစားနေစဥ်...

"ထာဝရ...သူ"Where stories live. Discover now