Unicode...
Mew တစ်ယောက် ညရောက်တော့ စာကျက်ပြီးသည်နှင့် ကောင်လေးအကြောင်းပဲ ခေါင်းထဲဝင်လာတာက ဘယ်လိုမှတားမရ။ မတွေးပဲမနေနိုင်အောင် ပြုစားလွန်းသည့်ကောင်လေးကို ကျွန်တော်သိပ်ချစ်ရသည်။ သိပ်မြတ်နိုးရသည်။ သိပ်တန်ဖိုးထားပါသည်။ ထို့ကြောင့်ပင် အချိန်ပြည့်ခေါင်းထဲမှာ စဥ်းစားနေတာက ကျောင်းပြီးလျှင်ဘာဆက်လုပ်ရမလဲ? ကောင်လေးကို ပိုင်ဆိုင်ခွင့်ရအောင် ဘာလုပ်ရမလဲဆိုတာကိုပင်။
ဒီကြားထဲ Tee နဲ့ပြောခဲ့တာတွေကို ပြန်စဥ်းစားနေမိပြန်သည်။
"အား...ငါ ကောင်းကောင်းလုပ်ခဲ့ပေမယ့် ပြဿနာက မပြီးသွားဘူးပဲ"
"ဟမ် မင်းဘာပြောတာလဲ Tee ၊ မင်းပြောတဲ့ အဓိပ္ပာယ်က..."
"မင်း Gulf ကို ပြန်မပြောနဲ့နော်။ တကယ်တော့ အဲ့နေ့က ငါ Fond နဲ့တခြားတစ်ယောက်ကို တွေ့လိုက်ပြီး ဘာလုပ်နေလဲမသိတာနဲ့ သေချာအောင်မေးရင်း စကားများပြီး ရန်ဖြစ်ကြတာ၊ မင်းတို့ဓာတ်ပုံတွေလည်း လုဖျက်လိုက်ပေမယ့် အကုန်မပြီးခဲ့ဘူးထင်ပါရဲ့။ ငါ အကူအညီမဖြစ်ပေးလိုက်တာ တောင်းပန်ပါတယ် Mew ရာ"
Tee နဲ့ပြောရင်းက သိလိုက်ရတာတွေအများကြီးရှိခဲ့သလို တွေးစရာတွေအများကြီးဖြစ်လာရသည်။ Tee က တကယ်ကို လူထူးဆန်းပင်လားဟု ကျွန်တော်ထင်ခဲ့ရသည်။ သူကူညီခဲ့တာ အကျိုးမသက်ရောက်ခဲ့လို့ ပြန်တောင်,တောင်းပန်နေသေးသည်လေ။
ဟက်..ဘယ်လိုပဲဖြစ်ဖြစ် သူစိတ်ရင်းနဲ့ ကူညီပေးခဲ့သေးတာကို ကျေးဇူးတောင်တင်နေမယ့်ဟာကို...။
သို့ပေမယ့် ကျွန်တော် သူ့ကို ထူးဆန်းလိုက်တာဟုတွေးပြီး ခေါင်းခါလို့မဆုံးသေး..။
"Mew ငါဒီဒဏ်ရာတွေဘယ်လိုရလဲ Gulf က သိချင်နေတာမို့ သူ့ကိုဒီကိစ္စသွားမပြောနဲ့နော်၊ မဟုတ်ရင် စိတ်မကောင်းဖြစ်နေမှာ"
"စိတ်ချပါ။ ငါမင်းကို တကယ်လေးစားတာမို့ ဒီတစ်ခုတော့ ငါကတိပေးနိုင်တယ်"
"ဟင့်အင်း ကျန်သေးတယ် Mew ။ ငါပြောချင်တာရှိသေးတယ်။ သေချာနားထောင်ပေး"
အာ...သူက ဘာပြောစရာရှိနေသေးတာပါလိမ့်။ ကျွန်တော်သိချင်တာတွေလည်း သူအကုန်ဖြေပေးပြီးပြီပဲ။
YOU ARE READING
"ထာဝရ...သူ"
Fanfictionမိဘတွေဆန္ဒအရ ဘန်ကောက်ရှိအဒေါ်ထံရောက်လာပြီး နာမည်ကြီးအထက်တန်းကျောင်းကိုတက်ရောက်ရမည့် လူချောလေး Mew... ထိုကျောင်းတွင် တက်ရောက်နေနှင့်ပြီးသော ရူပါရော၊ပညာပါ ပြီးပြည့်စုံသည့် ကျောင်းသားဟောင်း Gulf... ကံဇာတ်ဆရာအလိုကျ တစ်ကျောင်းတည်းတွေ့ဆုံကြမည့် သူတို့နှစ်...