Unicode...
ညချမ်းရဲ့အချိန်အခါ သာယာနေတဲ့အခိုက်အတန့်၌ နာရီအတော်လင့်နေပြီဖြစ်သည့်အလျောက် တိတ်ဆိတ်မှုက ကြီးစိုးနေလေသည်။ ပတ်ဝန်းကျင်မှ အကောင်ပလောင်သေးသေးမွှားမွှားတို့၏ စူးရှရှအသံလေးတို့တချို့နှင့် လေပြေလေးအဝှေ့တွင် ရိုက်ခတ်သွားရသောအပင်တို့၏ အသံများသာ ရှိနေကြသည်။
အခြားသူများအိပ်နေကြပြီးဖြစ်သော်လည်း ဤအခန်းထဲမှကောင်လေးနှစ်ယောက်ကတော့ ရင်ခုန်မှုအပြည့်နဲ့ မျက်စိကျယ်နေကြသည်ထင့်...။ ထိုနှစ်ယောက်အနက် ကိုကိုဟူသော နူးညံ့လှသည့်နာမ်စားလေးကြောင့် အမောင် Mew ကတော့ ပိုပျော်နေပေလိမ့်မည်ထင်ပါရဲ့။
ထို့နောက် သွားတန်းညီညီလေးများပေါ်အောင်ပြုံးနေရင်း ဆွဲဆောင်မှုရှိသော လက်တစ်စုံက လက်ဆောင်ဗူးလေးကို ဖွင့်ကြည့်လိုက်သောအခါ...
"ဟင် ကောင်လေး"
Mew တစ်ယောက် အံ့သြမှုနဲ့အတူ မျက်လုံးများပြူးကျယ်ဝိုင်းစက်သွားရသည်။ တကယ်ပါ..ကောင်လေး ဒီလိုလက်ဆောင်မျိုးပေးလိမ့်မယ်လို့ သူထင်မှတ်မထားခဲ့မိသောကြောင့်ပင်။ အထဲမှာတွေ့လိုက်ရတာက ဖန်စီလက်ပတ်လေးနှစ်ခု။
ကြိုးတန်းမျှင်မျှင်လေးကိုမှ တော်တော်လေးရှည်သောကြိုးဖြစ်ပြီး ကြိုးတစ်လျှောက် အစအဆုံး၌ ကြယ်နှင့် လလေးများ ခပ်ကျဲကျဲစီရီထားမှုကြောင့် အရောင်လက်ကာ လှပနေသည်။ အထူးခြားဆုံးကတော့ လက်ပတ်တစ်ခုစီ၌ သူတို့နာမည်အစစာလုံးများပါနေခြင်းပင်။
ကြိုးလေးနှစ်ကုံးကို ဆွဲယူကိုင်ရင်း အံ့သြနေသော ကျွန်တော့်ကို ကောင်လေးက "ပေး..လက် ကျွန်တော်ပတ်ပေးမယ်" ဟု ဆိုကာ "G" ဟု ပါသော ကြိုးလေးကို ကျွန်တော့်ရဲ့ဘယ်ဘက်လက်မှာ ချည်နှောင်ပေးသည်။ ကြိုးကရှည်တာမို့ ကျွန်တော့်လက်ကို နှစ်ပတ်ပတ်မှသာ ချိတ်က ကွက်တိဖြစ်သွားပြီး စာလုံးလေးက လက်ကောက်ဝတ်အပေါ်ဘက်၌ ရှိနေပေသည်။
"ကိုကိုနဲ့ တကယ်လိုက်တာပဲ။ တကယ်တော့ ကျွန်တော်ဒါကို တွေ့ခဲ့တာတော်တော်ကြာပြီ။ စာလုံးကတော့ ကိုယ်ကြိုက်တာ ယူတပ်ခိုင်းလို့ရတယ်ဆိုလို့ သဘောကျပြီး ဝယ်လိုက်တာ။ ဒါလေးကို အစကတည်းက ကိုကိုနဲ့ဆင်တူလေးပတ်ထားချင်လို့ ဝယ်ခဲ့ပေမယ့် ခုလို V'Day Present အဖြစ်ရည်ရွယ်ခဲ့တာတော့ မဟုတ်ဘူး..ဟီး။ ဘယ်လိုပဲဖြစ်ဖြစ် အတူပတ်ထားလို့ရပြီမို့ ပျော်သွားပြီ"
YOU ARE READING
"ထာဝရ...သူ"
Fanfictionမိဘတွေဆန္ဒအရ ဘန်ကောက်ရှိအဒေါ်ထံရောက်လာပြီး နာမည်ကြီးအထက်တန်းကျောင်းကိုတက်ရောက်ရမည့် လူချောလေး Mew... ထိုကျောင်းတွင် တက်ရောက်နေနှင့်ပြီးသော ရူပါရော၊ပညာပါ ပြီးပြည့်စုံသည့် ကျောင်းသားဟောင်း Gulf... ကံဇာတ်ဆရာအလိုကျ တစ်ကျောင်းတည်းတွေ့ဆုံကြမည့် သူတို့နှစ်...