Ep 3

954 85 13
                                    

Unicode...

"ဟေး ဒီဘက်ကို ပေးလေ၊ ငါ့ဆီပေးလို့ ဟေ့ကောင်"

"ဟဲ့ နင့်အလှည့်ရောက်ပြီ ငါတို့ကိုလိုက်ဖမ်း၊ စပြီနော်၊ ဝမ်း တူး သရီး ပြေးကြဟေ့"

ကျောင်းမတက်ခင်မို့ အငယ်တန်းကလေးတွေရဲ့ ဘောလုံးကွင်းက အော်ဟစ်သံတွေ၊ ခြင်းခတ်နေကြသူတွေရဲ့ အသံတွေ၊ မိန်းကလေးတွေဆော့ကစားနေကြတဲ့အသံတွေ စသဖြင့်အသံပေါင်းစုံ ဆူညံနေကြသည်။ ထို့ကြောင့် ကျောင်းမတက်ခင်လေးမှာ ပုံမှန်ဆိုကျောင်းရောက်တာနဲ့ ထိုင်ခုံမှာပဲထိုင်နေမိသောကျွန်တော် ဒီနေ့တော့ ဘာရယ်မဟုတ်၊ အဝင်ပေါက်နားက ဆရာမထိုင်ခုံမှာထိုင်ရင်း အပြင်ကဆော့နေသူတွေကို ငေးနေမိသည်။

ထိုအချိန်တွင်...

"Gulf ငါ့ကို ဒီစာရှင်းပြပါလား"

"ဟင် Mew"

အသံကြောင့် ထိုင်ရာမှမထပဲ ခေါင်းမော့ကြည့်လိုက်တော့...မထင်မှတ်ထားသူဖြစ်နေတာမို့ မျက်လုံးပြူးကြည့်နေမိသည်။ သူလည်းစာရတဲ့သူတစ်ယောက်ပဲကို..ဘာကြောင့်ပါလိမ့်။ ထို့ပြင် အမှတ်မထင် တဒုတ်ဒုတ်ဖြစ်လာသောရင်ဘတ်ထဲက လှုပ်ရှားမှုကြောင့် နှုတ်ခမ်းတွေတောင်ခြောက်သွားသယောင် ခံစားလိုက်ရသည်။

"Gulf စာအုပ်တင်လိုက်မယ်နော်"

"အော် အေး"

ပြီးမှ သတိဝင်လာကာ သူ တင်ပေးတဲ့ ရှင်းခိုင်းဖို့ယူလာတဲ့ စာအုပ်ကို အဆင်သင့်လှန်ပေးထားတာမို့ ကြည့်လိုက်တော့ စီးပွားရေးဖြစ်နေတာကြောင့် အံ့သြသွားသည်။ ဘာလား..ထိုင်းလိုပဲရေးထားတာပဲကို အရင်နေ့ကတစ်ပုဒ်တောင် သူထွက်ရှင်းပြီးတော့...။ ထို့ကြောင့် သူ့ကိုပြန်ကြည့်ကာ

"မင်း နားလည်တယ်မဟုတ်ဘူးလား"

"နားတော့နားလည်တယ်လေ။ ဒါပေမဲ့ ငါဒီနေ့ထွက်ရှင်းပြပါ့မယ်လို့ ဆရာမကိုကတိပေးထားလို့"

"အေးလေ နားလည်ပြီးသားကို ကတိပေးထားလည်းထွက်ရှင်းလိုက်ပေါ့၊ ဘာခက်လို့လဲ"

အာ...ဒီကောင်လေးကတော့၊ သူ့ပါးနုနုလေးတွေကို ဖက်နမ်းပစ်တော့မယ်။ ရှင်းပြပါဆို တန်းရှင်းပြတာမဟုတ်ဘူး...စိတ်မရှည်တော့အောင် လာလုပ်နေတယ်၊ တကယ့်ရစ်ထုပ်ပဲ။

"ထာဝရ...သူ"Where stories live. Discover now