Ep 26

486 61 6
                                    

Unicode...

Mew တစ်ယောက် မနက်ဖြန်ဆို စာမေးပွဲနောက်ဆုံးနေ့ရောက်ပြီမို့ ခေါင်းပူနေရတော့သည်။ ကောင်လေးနဲ့ကျောင်းမှာတွေ့တော့ နှစ်ဦးသားစကားပြောဖြစ်ရင်း ကြားလိုက်ရသည့်စကားကြောင့် လန့်သွားခဲ့ရသည်လေ။

"ကိုကို ကျွန်တော့်ကို စာမေးပွဲပြီးရင် America ကိုပို့ဖို့စီစဥ်နေကြတယ်"

ဘာ..ကောင်လေးရဲ့စကားကို ကြားတဲ့အချိန် နွေဦးရောက်တဲ့ဒီရာသီကြီးမှာ ခေါင်းတည့်တည့်မိုးကြိုးပစ်ချလိုက်သလို ခံစားရသည်။ တဆက်တည်း ရင်ထဲ၌ ကျည်ဆန်ရထားမောင်းဖြတ်သွားသလို ပူထူသွားမိသည်။ ကျွန်တော်တင်မဟုတ်..ကောင်လေးလည်း အသံတွေတုန်ပြီး စိုးရိမ်နေဟန်တွေ့ရသည်။

"ဟင် ဟုတ်လား။ ဘယ်နေ့သွားရမှာလဲ။ ဟိုမှာအပြီးနေရမှာလား။ ဒါမှမဟုတ် ခဏပဲလား။ အား..ဟိုလေ ကိုယ်ပြောချင်တာက ကျစ်.. အပြီးနေရမယ်ဆိုရင် ကိုယ်တို့ပြန်တွေ့ဖို့မလွယ်တာမို့ မသွားခင် ဘယ်နှစ်ရက်လောက်အချိန်ရမလဲ"

ခေါင်းရှုပ်သွားသည်နှင့်အတူ မေးခွန်းများစွာစီတန်းမေးလာသော သူ့ကို ကောင်လေးက ပြူးကြည့်ပြီး လက်ကလေးနှစ်ချောင်းထောင်ကာ...

"နှစ်ပတ်လောက်ရမယ်ထင်တယ်"

နှစ်ပတ်?? အာ..နှစ်ပတ်ဆိုလည်း အချိန်ရလောက်ပါတယ်။ နည်းလမ်းတစ်ခုခုစဥ်းစားပြီး အကောင်အထည်ဖော်ရမယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီကောင်လေးကို တကယ်ချစ်တာမို့ လက်မလွှတ်နိုင်ဘူး...။

"ဟုတ်ပြီ။ ကိုယ်တို့စာမေးပွဲက မနက်ဖြန်နောက်ဆုံးနော်။ အဲ့ဒါဆို ဒီညပဲဖြစ်ဖြစ် ဘယ်လိုလုပ်ကြမလဲ ဟိုကောင်တွေနဲ့တိုင်ပင်ကြည့်ရမယ်။ အဲ့... ပြီးတော့ နောက်တစ်ခုက ကောင်လေးကို သွားဖြစ်တဲ့နေ့ကျ ဘယ်သူလိုက်ပို့မှာလဲ၊ နှစ်ယောက်လုံးလား"

"ကျွန်တော်လည်း မသိသေးဘူး။ နှစ်ယောက်လုံးလိုက်ဖို့များတယ်"

"အင်း အင်း ကိုယ်စီစဥ်ကြည့်မယ်။ မနက်ဖြန်ပြီးရင်တော့ ကောင်လေးကို ဖုန်းပြန်ပေးမယ်ထင်တယ်။ မပေးရင်တောင် ကိုယ်တို့တိုင်ပင်ပြီးရင် အစီအစဥ်ကို ဖြစ်တဲ့နည်းနဲ့ ပို့ပေးမယ်ဟုတ်ပြီလား"

"ထာဝရ...သူ"Where stories live. Discover now