Ep 32 (Final)

1.1K 69 16
                                    

Unicode...

Mew တစ်ယောက်တစ်နေကုန် ဒီကုတင်ပေါ်၌ပင် နေရတာ တကယ်ညောင်းချိလာပြီဖြစ်သည်။ သတိရလာကတည်းက အပေါ့အပါးသွားတာနှင့် မဖြစ်မနေလောက်ကလွဲရင် ကောင်လေးက အဆင်းမခံဘဲ အကုန်လုပ်ပေးသည်။ ခြေထောက်က ပတ်တီးကခုထိမဖြည်ရသေးတာမို့ ကုတင်မှာပဲ နေခိုင်းခြင်းဖြစ်သော်လည်း ကျွန်တော့်အတွက်တော့ တကယ်ညောင်းလှပြီလေ။

နေ့လည်က ကောင်လေးက ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ ဆူရှီကျွေးပြီး သူတကယ်ကတိတည်တယ်နော်ဆိုတာပါ ပြောတာမို့ ရယ်မိသေးသည်။ တစ်ခါတလေ ကလေးဆန်တာလေးက တကယ်ချစ်ဖို့ကောင်းလို့ အသည်းယားလာပြီ။ ပုံမှန်သာဆို ကျွန်တော်အသည်းယားပြီး ပွေ့ဖက်ညှစ်ပစ်မိမှာမှန်သော်လည်း ခုတော့ မတတ်သာတာမို့ သည်းခံနေရလေသည်။

"ကိုကို မအိပ်ဘူးလား နေ့လည်တောင်ကျော်လို့ညနေစောင်းတော့မယ်"

"ဟင့်အင်း ကိုယ်မအိပ်ချင်ပါဘူး။ လှဲပဲနေရတာ ပျင်းလာပြီ"

"ဟုတ်လား။ အဲ့ဆိုဒီလိုလုပ် ကျွန်တော်စဥ်းစားမိတာတစ်ခုရှိတယ်"

ကောင်လေးက ထိုသို့ပြောပြီး အပြင်ခဏပြန်ထွက်သွားကာ မိနစ်နည်းနည်းလေးကြာတော့ ဝှီးချဲတစ်ခုနှင့် ပြန်ရောက်လာသည်။ ကျွန်တော်က ဘာလဲဆိုသောအမေးပါတဲ့မျက်လုံးမျိုးနဲ့ကြည့်ပြီး မေးဆတ်ပြတော့လည်း ရှူးဟုသောပုံစံနဲ့ နှုတ်ခမ်းဝလေးမှာ လက်ညှိုးလေးထိုးပြလာတာမို့ အသာငြိမ်နေလိုက်ရသည်။

ထို့နောက် ကျွန်တော့်ကို သူမချီနိုင်တာမို့ သေချာတွဲပေးကာ ဝှီးချဲပေါ်တင်ပေးသည်။ ပုံမှန်ဆို အပေါ့အပါးသွားတဲ့အချိန်မျိုး၌ ကျွန်တော်ချိုင်းထောက်သာသုံးသော်လည်း ခုတော့ ဝှီးချဲပါယူလာတာကြောင့် အပြင်သွားမှာမို့ လမ်းအကြာကြီးလျှောက်ရမည် သူစိုးရိမ်နေတာဖြစ်မည်။

ကျွန်တော် ဝှီးချဲပေါ်သေချာထိုင်ပြီးတာနှင့် နောက်က လက်ကိုင်လေးကတဆင့် သာသာလေးတွန်းကာ အခန်းထဲမှထွက်ပြီး အပြင်ဘက်သို့ ဦးတည်လာခဲ့သည်။ ကျွန်တော်လည်း သူ့ကို ဘာမှမေးမနေတော့ဘဲ ငြိမ်သက်စွာလိုက်ပါလာရင်းပင် တဖြည်းဖြည်းဆေးရုံနောက်ဘက်ကို ရောက်လာတော့သည်ကို သတိထားမိသည်။

"ထာဝရ...သူ"Where stories live. Discover now