Unicode...
သို့နှင့် ဘောလုံးပွဲစဥ်တွေအားလုံး ခြောက်ရက်နဲ့ကျင်းပပြီးစီးခဲ့သည့်နောက် ပုံမှန်နေ့ရက်တွေကို တလှည့်ပြန်ရောက်လာခဲ့လေပြီ။ ကျွန်တော် ဒီစာသင်နှစ်ကို ဘယ်လိုတောင်ဖြတ်သန်းရမလဲလို့ တွေးပြီးစခဲ့ပေမဲ့ အသားကျလာတော့လည်း အဆင်ပြေပါပြီလေ...။ တရားဝင်ရည်းစားလည်းမဟုတ်၊ ဖွင့်လည်းမပြောသေးပဲနဲ့ ဂရုတစိုက်ရှိလှတဲ့ ဦးလေးကြီးကြောင့်လည်း ပါသည်ပေါ့...။
ဟက်..စစတုန်းက မရင်းနှီးသလိုနဲ့ ခုတော့လည်း ကျွန်တော်တို့တတွဲတွဲရှိနေပြီလေ။ အတန်းတောင်အတူတူပြောင်းထိုင်သည်အထိ..ဟီး။ သို့ကြောင့် ယခုဆို ကျွန်တော်ရယ်၊ ဦးလေးကြီးရယ်က Middle Role ရဲ့ပထမဆုံးတန်းမှာထိုင်ပြီး ကျွန်တော်တို့ကို အကဲခတ်ကာ စပ်စုနေတတ်သော Thorn ကလည်း အတူလာထိုင်တော့သည်။
ထို့ပြင် ဘောလုံးပွဲတွေ မပြီးခင်က အဖြစ်အပျက်ကြောင့် ပြိုင်ပွဲတွေကျန်တဲ့နှစ်ရက်ကိုလည်း ဦးလေးကြီးက ခြင်းသွားမခတ်တော့ပဲ ကျွန်တော့်ကိုလည်း အခန်းထဲမှာနေစေပြီး စာအတူလိုက်ဖတ်တာမျိုး.....
မဟုတ်ရင်လည်း ကျွန်တော်တခြားအာရုံစိုက်စရာအလုပ်လုပ်နေရင် သူက မနှောင့်ယှက်ပဲ ခပ်လှမ်းလှမ်းကနေပဲ စောင့်ကြည့်နေပေးသည်။ အခန်းထဲမှာကျွန်တော့်ကိုမထားခဲ့တော့..ယုတ်စွအဆုံး
"ဦးလေးကြီး ကျွန်တော်အိမ်သာသွားအုံးမယ်နော်"
ဆိုပြီး သန့်စင်ခန်းသွားရင်တောင် အခန်းရှေ့လိုက်စောင့်နေတော့သည်။
တကယ်ကို ဂရုတစိုက်ရှိတာမို့ သူငယ်ချင်းနည်းသောကျွန်တော့်အတွက် ကျေနပ်စရာကောင်းတာမို့...၊ တကယ်လို့များပေါ့လေ..ဦးလေးကြီးရဲ့မျက်လုံးထဲက အရိပ်အယောင်တွေကြောင့် ကျွန်တော်ထင်သလို သူ ကျွန်တော့်ကိုသဘောကျတယ်လို့ ပြောလာခဲ့ရင် ကျွန်တော်လက်ခံပေးဖို့ ဆုံးဖြတ်ထားသည်။
ဒါက ကျွန်တော်လည်းအစကတည်းက သူ့ကို ရင်ခုန်နေမိတာဖြစ်သည့်အပြင် သူ့ရဲ့ဂရုစိုက်မှုတွေကြောင့် သူ့ကိုလိုချင်တာလည်း မှန်ပါသည်။
YOU ARE READING
"ထာဝရ...သူ"
Fanfictionမိဘတွေဆန္ဒအရ ဘန်ကောက်ရှိအဒေါ်ထံရောက်လာပြီး နာမည်ကြီးအထက်တန်းကျောင်းကိုတက်ရောက်ရမည့် လူချောလေး Mew... ထိုကျောင်းတွင် တက်ရောက်နေနှင့်ပြီးသော ရူပါရော၊ပညာပါ ပြီးပြည့်စုံသည့် ကျောင်းသားဟောင်း Gulf... ကံဇာတ်ဆရာအလိုကျ တစ်ကျောင်းတည်းတွေ့ဆုံကြမည့် သူတို့နှစ်...