Unicode...
"ကောင်လေး ဘာသဘောနဲ့ဒီလိုတွေပြောနေလဲ နားမလည်ပေမယ့် ကိုယ်က ကောင်လေးကိုနာကျင်စေမယ့်လူမဟုတ်ဘူးဆိုတာတော့ ယုံတယ်မလားဟင်"
"မယုံဘူး"
ဟင်..ကောင်လေးရဲ့ပြတ်သားတဲ့စကားသံအဆုံး...ကျွန်တော် ဘာတွေမှားနေခဲ့လို့လဲဟင်။ ကိုယ့်ကိုယ်ကို ပြန်မေးလိုက်တဲ့ မေးခွန်းကို ဦးနှောက်က စဥ်းစားပြီး အာရုံကြောက သတင်းပို့ကာ နှလုံးသားက အဖြေထွက်လာသည်။ ကျွန်တော်မှားခဲ့ခြင်းမရှိလေဘူးရယ်လို့...ဒါဆို လွဲမှားနေတာဘာလဲ...။
"ကောင်လေး ကိုယ်ရှင်းပြမယ်လို့ပြောဖို့အတွက်ကို ကိုယ်ကိုယ်တိုင်နားမလည်သေးဘူးဖြစ်နေတယ်။ ကိုယ်ဘာတွေမှားနေခဲ့တာလဲ"
ကျစ်...Mild တစ်ယောက် ဘာတွေမှားနေလဲပြန်မေးနေသော Mew ကိုစိတ်ရှိလက်ရှိ ထိုးကြိတ်ပစ်ချင်နေတဲ့စိတ်ကို မနည်းထိန်းကာ ဆက်ကြည့်နေရသည်။ ကိုယ်ပါ ဝင်သွားပါရင် ပိုရှုပ်လာမှာစိုးတာကြောင့် စိတ်မရှည်စွာနဲ့ပဲ ဆက်နာထောင်နေရတော့သည်။ ထားခဲ့လို့ကလည်းမရ..ဒီကောင်လေးကို Mew နဲ့စိတ်ချတယ်လို့ မယုံကြည်ရဲသေးတာမို့...။
"ကဲကွာ" "ခွပ်"
"ဟင်...အ့"
မထင်မှတ်ထားသော ကောင်လေးလုပ်ရပ်ကြောင့် အံ့သြသွားသောခံစားချက််နဲ့အတူ နှုတ်ခမ်းထောင့်စွန်းကပါ သွေးစို့သွားတာမို့ စပ်ရှရှဖြစ်သွားပြီး ထိုင်နေရက်ကနေ ထိုးလိုက်တာမို့ ကျွန်တော်နောက်ပြန်လှန်သွားသည့်အတွက် တဆက်တည်းမှာပင် အားနည်းပါတယ်လို့ထင်ခဲ့တဲ့ကောင်လေးကိုလည်း လန့်သွားရသည်။
နှုတ်ခမ်းထောင့်စွန်းက သွေးစလေးကို လက်ညှိုးထိပ်နှင့် အလျင်အမြန်ပင် တို့သုတ်လိုက်ကာ ပြန်ထိုင်လိုက်ပြီးသည့်တိုင် ဘာလို့ဆိုတာမမေးရက်တော့တာက ကောင်လေးစိတ်ချမ်းသာဖို့ စိတ်တစ်ခုတည်းနဲ့ပါ။
"ကောင်လေးစိတ်ဆိုးပြေပြီလားဟင်။ ထပ်ထိုးချင်သေးလည်းရပါတယ်။ ကောင်လေးစိတ်ကြိုက်ထိုးပါနော်"
"အီးဟီး"
ဟီးငိုယိုကာ လက်သီးဆုပ်လေးတွေနဲ့ ရင်ဘတ်တွေကို ထုလာတာမို့ ငြိမ်ခံနေပေးလိုက်သည်။
YOU ARE READING
"ထာဝရ...သူ"
Fanfictionမိဘတွေဆန္ဒအရ ဘန်ကောက်ရှိအဒေါ်ထံရောက်လာပြီး နာမည်ကြီးအထက်တန်းကျောင်းကိုတက်ရောက်ရမည့် လူချောလေး Mew... ထိုကျောင်းတွင် တက်ရောက်နေနှင့်ပြီးသော ရူပါရော၊ပညာပါ ပြီးပြည့်စုံသည့် ကျောင်းသားဟောင်း Gulf... ကံဇာတ်ဆရာအလိုကျ တစ်ကျောင်းတည်းတွေ့ဆုံကြမည့် သူတို့နှစ်...