Unicode...
စကားအကုန်ပြောပြီးပြီဖြစ်သောကြောင့် နှုတ်ဆက်ရင်း Mew ကိုပါ ပြန်ဖို့ပြောလာသော Tee တစ်ယောက် သူပြန်ပြောသောစကားတွေကြောင့် လန့်သွားရသည်။ Gulf က ဘာကိစ္စအိမ်ပြန်သွားရတာလဲ?? တခြားကိစ္စရှိစရာအကြောင်းမရှိဘူးလေ။ ဖြစ်လာမယ့်တစ်ခုတည်းသော အကြောင်းရင်းကိုလည်း သူကိုယ်တိုင် ဟိုနေ့က ရှင်းပေးထားပြီးသားမို့ Tee မေးနေရခြင်းပင်။
"နေပါအုံး သူက ဘာလို့..? မဟုတ်မှ မင်းနဲ့စကားများတာလား။ မင်းတို့ရန်ဖြစ်ကြတာလား"
မျက်လုံးပြူးကာပြောလာသော Tee ရဲ့အမေးကို Mew က ခေါင်းခါလိုက်ရင်း အဝေးကိုငေးကာ ပြန်ပြောသည်။
"မဟုတ်ဘူး။ သူ့မိဘတွေငါတို့အကြောင်းကိုသိသွားတာ"
"ဘာ..."
တကယ်တော့ မနေ့က...
_______စာမေးပွဲ စဖြေသည့်ရက်မှ Mew တို့အုပ်စုသည် မနက်ပိုင်းစာမေးပွဲပြီးသည်နှင့် အိမ်ပြန်ရောက်သည့်အခါ စာမကျက်ကြသေးဘဲ ခေတ္တအနားယူကြသည်က ပုံမှန်ပင်။ စာအညံ့ကြီးထဲ မပါသောသူတို့အဖွဲ့အတွက် စာမေးပွဲဆိုတာ မဖြေချင်သော်လည်းပဲ လေးပင်ပြီး စိတ်ဖိစီးနေရတာမျိုးမဟုတ်တာကြောင့် စာအုပ်ကိုလက်ကမချကျက်နေရသည့်အနေအထားမဟုတ်ချေ။
စာမေးပွဲဖြေတာဒုတိယမြောက်ရက်ဖြစ်လာသလို ဒီအိမ်မှာလည်း နေရတာအသားကျသလိုဖြစ်လာတာကြောင့် စာမေးပွဲပြီးလျှင် ကိုယ့်အိမ်ကိုယ်ပြန်ရမှာပင် မပြန်ချင်တော့တာ၊ Mild ဆို ဒီမှာဆက်နေကြရအောင်လေဟု ကလေးဆန်ဆန်ပြောလာလေတော့သည်။
Mild တောင် ဒီလိုပြောနေသည့်အချိန် Mew တို့က ပိုဆိုးပေမည်။ ချစ်သူတွေဆိုတော့ ဘယ်ခွဲချင်တော့မလဲ။ သို့သော် တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာသည့်နေ့တွေမှာ အိမ်ပြန်ဖို့ရက်ကပ်လာသည့်နှင့်အမျှ ထိုနှစ်ယောက်သား ပို၍ပင်မခွာတော့။ ရောက်စကတည်းက ခွဲမရဖြစ်နေတာက ညစာ၊မနက်စာတောင် ကူမလုပ်ဘဲ အားရင်အားသလို Ro နေတာမို့ ကျန်လူများက မျက်စိနောက်ပြီး လွှတ်ထားရတော့သည်။
Gulf တစ်ယောက်ကတော့ မနက်က ကိုကိုပေးသည့် လက်စွပ်လေးကိုပဲ ကြည့်မဝဖြစ်ကာ တပြုံးပြုံးဖြစ်နေတာမို့ "Mild တို့က မင်းအဲ့လို မျက်စိနောက်အောင်ဆက်လုပ်နေရင် ငါမင်းအိပ်နေတဲ့အချိန်ခိုးပြီးဖွက်ထားတော့မှာနော်" ဟု ပြောလာတာမို့ Gulf ရယ်နေရသည်။ ကိုကိုကတော့ Gulf တို့ကို ကြည့်ရင်း ပြုံးသာနေတော့သည်။
YOU ARE READING
"ထာဝရ...သူ"
Fanfictionမိဘတွေဆန္ဒအရ ဘန်ကောက်ရှိအဒေါ်ထံရောက်လာပြီး နာမည်ကြီးအထက်တန်းကျောင်းကိုတက်ရောက်ရမည့် လူချောလေး Mew... ထိုကျောင်းတွင် တက်ရောက်နေနှင့်ပြီးသော ရူပါရော၊ပညာပါ ပြီးပြည့်စုံသည့် ကျောင်းသားဟောင်း Gulf... ကံဇာတ်ဆရာအလိုကျ တစ်ကျောင်းတည်းတွေ့ဆုံကြမည့် သူတို့နှစ်...