Unicode...
အေးချမ်းတဲ့လေပြေလေးတွေနဲ့ ရောက်ရှိနေတဲ့နေရာရဲ့ သစ်ပင်ကြီးရဲ့ လောင်းရိပ်က အေးမြမှုတွေကိုလည်း မခံစားနိုင်ပေ...။ နေ့လည်ခင်းကျောင်းတက်ဖို့ ဆယ့်ငါးမိနစ်ခန့်သာ လိုတော့သော်လည်း Gulf ကူကယ်ရာမဲ့နေသည့်အခြေအနေက မလွတ်မြောက်နေသေး...။
ကျွန်တော် စကားတွေပြောချင်နေပေမဲ့ နှုတ်ကမထွက်ပဲ လည်ချောင်းမှာတင် တစ်ဆို့နေသော အသံများနဲ့အတူ လူကပါ မွန်းကြပ်လာရသည်က ပြောပြလို့မရတဲ့ခံစားချက်တစ်ခုလိုဖြစ်နေသည်မို့ ဝမ်းနည်းမှုကိုပြနေသည့် ကျစီးလာတဲ့ မျက်ရည်စက်တွေက မပြတ်နိုင်တော့...။ ဆည်ကျိုးသလိုသွင်သွင်ကျလာတဲ့ မျက်ရည်တွေကို Font ကလည်း မြင်နေပေမဲ့ သနားဟန်မရှိသလို ငဲ့ညှာဖို့လည်း မတွေး..လွှတ်ပေးဖို့အစီအစဥ်လည်း မရှိချေ..။
ဘေးမှာရှိနေမှာပါလို့ပြောဖူးလို့ အားကိုးတကြီးမျှော်နေမိသော ဦးလေးကြီးက ဘယ်ရောက်နေတာလဲဆိုတာလည်း မစဥ်းစားချင်တော့..။
<><><><><><><><><><><><><><><>
"ဆရာမခင်ဗျ ကျွန်တော့်ကို ခေါ်တယ်ဆိုလို့"
"အော် အေး သားMew ဒီမှာထိုင်"
နားနေခန်းထဲရှိ ဆရာမထံသွားတော့ ကျောင်းသားသစ်များအား မေးမြန်းဖြည့်စွက်ပေးရမည်များကို ဆရာမက ကျွန်တော့်ကိုမေးကာ စာရင်းထဲဖြည့်နေလေသည်။ အေးအေးဆေးဆေးနဲ့ တည်တည်ကြည်ကြည်ရှိလှသော ဆရာမကို အရင်က အရမ်းသဘောကျမိပေမဲ့ ခုတော့ စိတ်ထဲက ကောင်လေးကိုရှာတွေ့ဖို့ လောနေတာမို့ စိတ်ကိုမနည်းရှည်ထားကာ ထိုင်နေပေမဲ့ ဖင်တကြွကြွဖြစ်နေပြီး မေးသမျှအချက်များအား ဂရုစိုက်ဖြေနေရလေသည်။
"ကောင်လေးက ဘယ်ကိုများသွားနေတာပါလိမ့်"
မေးလို့မပြီးနိုင်သော ဆရာမကြောင့် ဆယ်မိနစ်လောက်ဖြေပြီးတော့ ဆရာမက ခွင့်ပြုပေးသည်နှင့် သုတ်ခြေတင်ကာ ပြန်လာခဲ့လိုက်တော့သည်။
<><><><><><><><><><><><><><><>
"အွန်း အင့် Font ငါ့ကိုလွှတ်ပေးပါကွာ"
YOU ARE READING
"ထာဝရ...သူ"
Fanfictionမိဘတွေဆန္ဒအရ ဘန်ကောက်ရှိအဒေါ်ထံရောက်လာပြီး နာမည်ကြီးအထက်တန်းကျောင်းကိုတက်ရောက်ရမည့် လူချောလေး Mew... ထိုကျောင်းတွင် တက်ရောက်နေနှင့်ပြီးသော ရူပါရော၊ပညာပါ ပြီးပြည့်စုံသည့် ကျောင်းသားဟောင်း Gulf... ကံဇာတ်ဆရာအလိုကျ တစ်ကျောင်းတည်းတွေ့ဆုံကြမည့် သူတို့နှစ်...