Ep 20

711 65 2
                                    

Unicode...

"အား ပင်ပန်းလိုက်တာ"

တစ်နေကုန်ကျောင်းမှာ ပျော်ပါးမြူးထူးလာသည့်နောက် အိမ်ရောက်တော့ နားချင်နေပြီဖြစ်သည်။ ရေမိုးချိုးညစာစားပြီးနောက် အိပ်ရာထဲပက်လက်လှန်ကာ မျက်စိလေးမှိတ်ပြီး လက်ကိုတံတောင်ကွေးကာ နဖူးပေါ်တင်ထားလိုက်သည်။ မျက်စိမှိတ်ထားပေမယ့် အတွေးထဲဝင်ရောက်လာသည်က ဦးလေးကြီးမျက်နှာချောချောပါပင်...။

ပြီးတော့ ဒီနေ့ ဦးလေးကြီးကို အားနာစိတ်နည်းနည်းလည်းဖြစ်မိသည်။ ကျောင်းမှာတုန်းက ဦးလေးကြီးက ရုတ်တရက်နမ်းတော့ ရှက်သွားရသည့်အပြင် ချစ်ရသူရဲ့ ပထမဆုံးအကြင်နာပေးနေချိန်၌ Font အတင်းနမ်းတုန်းက အဖြစ်ကို ပြန်မြင်ယောင်ကာ လန့်သွားတာကြောင့် တုန်နေမိပြီး ဦးလေးကြီးကို ပြန်နမ်းမိလားမသဲကွဲတော့။ လန့်ပြီးတွန်းမလွှတ်မိအောင် စိတ်ကိုထိန်းလိုက်ရတာကိုတော့ ကိုယ်တိုင်သာအသိဆုံးပါပေ။

"ဟင်း...ဦးလေးကြီးကတော့ နားလည်ပေးမယ်ထင်တယ်"

ထို့နောက် လှဲနေရာမှထကာ သတိရပြီး မနက်ကကျောင်းဝတ်စုံလေးကို ကြည့်မိပြန်သည်။ မမှတ်မိနိုင်‌လောက်အောင်များပြားလှသော သူများ၏လက်ရေးမျိုးစုံ၊ မင်ရောင်မျိုးစုံတို့နှင့် ပြည့်နှက်နေသော အဖြူရောင်အင်္ကျီလေး၌ ဦးလေးကြီး၏ "ကိုယ့်လက်ကို ဘယ်တော့မှမဖြုတ်လိုက်ပါနဲ့နော်။ အမြဲတမ်းအတွက် တစ်ယောက်သောချစ်ရသူလေး" ဟူသည့် အနီရောင်စာသားလေးက ဝဲဘက်ရင်အုံရှိ အိတ်ကပ်အထက်လေးတွင် ထင်ရှားစွာ တည်ရှိနေပါသည်။ 

ထိုစာသားလေးကို ကြည့်ရင်းပင် ရင်ထဲမှာကြည်နူးစိတ်တွေက စိုးမိုးဝင်ရောက်လာသည်။ ကျွန်တော်ထင်သည်...နှလုံးသားထဲက ဦးလေးကြီးကို တကယ်ချစ်နေပြီး ဘယ်တော့မှလက်လွှတ်တော့မှာမဟုတ်ဘူးဆိုတာ...။

ထို့နောက် အိပ်ရာထက်ပြန်လှဲကာ ရင်ဘတ်ပေါ်၌ ကျောင်းဝတ်စုံအဖြူလေးအား တင်ထားရင်း မျက်ခွံလေးတွေကို ပိတ်လိုက်ပြီး အနားယူမည်ပြုစဥ်...

"တောင်...📩"

ဟင် ဘယ်သူစာပို့တာပါလိမ့်...အတွေးနဲ့အတူ ဖုန်းလေးကို ကြည့်တော့..

"ထာဝရ...သူ"Where stories live. Discover now