Unicode...
Gulf တစ်ယောက် ရှေ့ဆုံးတန်းကထိုင်ပြီး ခန္ဓာကိုယ်က အငြိမ်မနေဖြစ်နေသည့်အခါ ဘေးက ဦးလေးကြီးနှင့် Thorn ကလည်းကွက်ကြည့်ကွက်ကြည့်ဖြစ်လာပြီး မေးချင်ရဲ့သားနဲ့ထိန်းထားဟန်ပေါက်နေတာကို တွေ့ရလေသည်။ နှစ်ယောက်ကြားက အလယ်မှာ လှုပ်စိလှုပ်စိဖြစ်နေတာက ကြာလာတော့ သိသာလာပြီး ဂနာမငြိမ်သော Gulf တစ်ယောက်အား နောက်ဆုံးတော့ စာသင်နေရင်း ဆရာက သတိထားမိသွားလေတော့သည်။
"Gulf ဘာဖြစ်နေတာလဲ၊ စာထဲမှာအာရုံမရှိသလိုပဲ ဂနာမငြိမ်နဲ့ ၊ သေချာအာရုံစိုက်လေ"
"အာ ဟုတ်ကဲ့ ဆရာ"
ပါးစပ်က ဟုတ်နေပေမဲ့ ခန္ဓာကိုယ်က ယိမ်းလိုက်ပြီး ခါးနောက်က လက်ကကုတ်နေရတာကိုတော့ ဘယ်သူမှမသိ...။ ထိုကဲ့သို့ လက်ကကုတ်လိုက်၊ ခြေထောက်နှစ်ချောင်းက တစ်ခုနဲ့တစ်ခုထပ်ပြီး ပွတ်နေလိုက်၊ ပါးစပ်ကလည်း ပွစိပွစိပြောလိုက်နဲ့ တစ်ယောက်တည်းအလုပ်ရှုပ်နေရင်းက နာရီကြည့်လိုက်တော့ ဆင်းချိန်က နာရီဝက်လောက်လိုသေးတာမို့ မနေနိုင်တော့တဲ့အဆုံး မတ်တပ်ရပ်ကာ ဆရာ့ကို သန့်စင်ခန်းခဏသွားလိုကြောင်းခွင့်တောင်းရတော့သည်။
ထိုအခါ ဆရာကလည်း မကျေမလည်ဟန်နှင့် မဲ့ရွဲ့ကာ ခွင့်ပေးလာသည့်နောက် သန့်စင်ခန်းသို့ အမြန်ဆုံးနည်းနဲ့ပုဂံလုံးစီး အဲ့..အဲ့ အမြန်ဆုံးနှုန်းနဲ့ သုတ်ခြေတင်ပြေးရတော့သည်။ တကယ်ပါ..တွေးကြည့်မှ ဒီအချိန်က ကျောင်းတက်ဖူးသမျှ ရုပ်အပျက်ဆုံးအချိန်ပဲ...။ သူများတွေသတိမထားမိလို့သာရှိမှာ...။
ခပ်တည်တည်နဲ့နေတယ်ဆိုတဲ့ ကျွန်တော်...ဟိုကုတ်ဒီပွတ်နဲ့ အိမ်သာရောက်လျှင်ရောက်ချင်း နီးရာအခန်းတစ်ခန်းကို လောကြီးစွာဖွင့်လိုက်တော့ လော့မကျတာမို့ အိမ်သာကို သုံးနေတဲ့တစ်ယောက်နဲ့ပက်ပင်းတိုးသွားသေးတာမို့ ရှက်ရှက်နဲ့တောင်းပန်ကာ ပြန်ပိတ်ပေးပြီးနောက်တခြားတစ်ခန်းသို့ ဝင်ရလေတယ်။ အဟုတ်ကို..ကျောင်းတက်လာသမျှ ဗရုတ်အကျဆုံးအခိုက်အတန့်ပင်...။
ကိုယ်က အိမ်သာတက်ချင်တာထက် ယားလို့မနေနိုင်တာကြောင့် ဒီထဲလာကုတ်နေရခြင်းဖြစ်တယ်ဆိုတာ အား..တွေးကြည့်လေ..ရှက်ဖို့ကောင်းလေပဲ...။
YOU ARE READING
"ထာဝရ...သူ"
Fanfictionမိဘတွေဆန္ဒအရ ဘန်ကောက်ရှိအဒေါ်ထံရောက်လာပြီး နာမည်ကြီးအထက်တန်းကျောင်းကိုတက်ရောက်ရမည့် လူချောလေး Mew... ထိုကျောင်းတွင် တက်ရောက်နေနှင့်ပြီးသော ရူပါရော၊ပညာပါ ပြီးပြည့်စုံသည့် ကျောင်းသားဟောင်း Gulf... ကံဇာတ်ဆရာအလိုကျ တစ်ကျောင်းတည်းတွေ့ဆုံကြမည့် သူတို့နှစ်...