Ep 2(Part 2)

948 89 2
                                    

Unicode...

ညစာစားပြီးတော့ နားရန်အတွက် အခန်းထဲဝင်ကာ ကုတင်ပေါ်ခပ်လျောလျောလေးမှီထိုင်ရင်း မအိပ်ချင်သေးတာမို့ စာကလည်း ကျူရှင်မှာကတည်းကပြီးနေတာကြောင့် ကျွန်တော့်အကျင့်အတိုင်း အတွေးနယ်ချဲ့တော့သည်။ အထူးသဖြင့် Mew အကြောင်းပင်။ အား..မစဥ်းစားပဲအလိုလိုထဲရောက်လာတာပဲကွာ...။

တကယ်တော့ ကျွန်တော့်ရဲ့အလေ့အထလို့ပြောလို့မရသည့်အကျင့်တစ်ခုက လူတစ်ယောက်အကြောင်းကို တော်တော်ကြာစဥ်းစားနေမိတတ်ခြင်းဖြစ်သည်။ လူတကာအကြောင်းစိတ်ဝင်စားစပ်စုနေတာမျိုးတော့မဟုတ်၊ ကျွန်တော်ကိုယ်တိုင်က လူသိနေသူဖြစ်ပေမဲ့ လူပြောများနေသူ၊ အာရုံစိုက်ခံသူတွေကိုဆိုလျှင် အခန်းတူနေပါက သူ့နေရာကို ခဏခဏကြည့်နေမိတတ်ပြီး မတူလျှင်လည်း ဖြတ်ခနဲတွေ့မိချိန်ဆို တဆုံးလိုက်ကြည့်မိတတ်ခြင်းက ပြင်လို့မရသောအကျင့်တစ်ခုဖြစ်နေသည်။

ထို့ကြောင့် ခုလည်း Mew ကိုသူများတွေပြောစကားများအရ နာမည်သိပြီးနောက်ပိုင်း စာပြိုင်ရှင်းရချိန်တိုင်း ပိုသတိထားမိလာကာ သူဘယ်လိုလူလဲဆိုတာကိုပါ စိတ်ဝင်စားလာသည်။ သူများအကြောင်းကို တကူးတကစပ်စုတာမျိုးတော့မလုပ်ပေမဲ့ ပြောပြမယ့်သူရှိရင်တော့သိချင်မိသည်လေ။

အဂ်လိပ်စာအချိန်က ဆရာမ စနောက်ကာပြောသွားသော "ချင်းမိုင်သားလေးက စူပါမားကတ်မသွားဖူးဘူးတဲ့၊ လိုက်ပို့ပေးလိုက်ကြပါအုံး" ဆိုသောစကားအရ သူဘာကြောင့် ချင်းမိုင်ကနေ ဘန်ကောက်ကိုပြောင်းလာရတာလဲဆိုတာကို သိချင်မိသည်။ လူတိုင်းမှာ နေ့စဥ်ရှင်သန်နေရသော အကြောင်းတရားကိုယ်စီနဲ့ မျှော်လင့်ချက်တွေမတူညီကြတာကြောင့် သူကရော ဘယ်လိုမျှော်လင့်ချက်ရှိလဲ၊ သူ့ဆန္ဒကရောဘာလဲဆိုတာတွေ တကယ်သိရချင်သည်။

ကျွန်တော့်မှာလည်း သူများတွေမသိသော အတိတ်က လျှို့ဝှက်ချက်တစ်ခု၊ နောက်ပြီး ဘဝမှာမေ့မရနိုင်မယ့်အကြောင်းတစ်ခုဖြစ်ခဲ့သလို Mewမှာရော ရှိနေနိုင်မလား၊ ဒါမှမဟုတ် အဲ့လိုတွေမရှိပဲ ရိုးရှင်းတဲ့ဘဝပိုင်ရှင်လား..စသဖြင့် ထိုကဲ့သို့ သူ့အကြောင်းတွေသိချင်နေမိသော ကိုယ့်ကိုကိုယ်လည်း ထူးဆန်းနေသည်။

"ထာဝရ...သူ"Where stories live. Discover now