Unicode ver...
ကိုယ်တို့ ခြေရာတွေ ထပ်ခဲ့ဖူးတဲ့ အဓိပတိလမ်းမကတော့ အရင်လိုပါပဲ။ အရင်အတိုင်း တည်ရှိနေဆဲပဲ။ ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်ရဲ့အချစ်ကတော့ မတည်မြဲခဲ့ဘူး။
စီးဆင်းပြီးသွားရင် ပြန်ဆန်တက်မဲ့ အပြန်ခရီးမရှိတဲ့ ရေစီးလေးတွေလို မင်းရဲ့ အချစ်ကလည်း ကိုယ်တစ်ယောက်တည်းဆီပဲ ပြန်လာဖို့ မဖြစ်နိုင်တော့ဘူး။
သိပ်ကို တည်မြဲပါတယ် ဆိုတဲ့ ကိုယ္တို့ရဲ့အချစ်တွေ ငွေကြောင့်နဲ့ ပြောင်းလဲသွားခဲ့တာ ကိုယ်တကယ် မယုံချင်ဘူး။
ကိုယ်သိပ်ချစ်တတ်မှန်း မင်းသိရက်နဲ့ တမင်သက်သက် မင်းမေ့ရက်ခဲ့တယ်။ ဒါကလည်း ငွေကြောင့်တဲ့လား။
ကိုယ်အားလုံးနဲ့တိုက်ခိုက်ခဲ့တယ်။ အားလုံးကိုထားပြီး ကျောခိုင်းပစ်ခဲ့တယ်။ နောက်ဆုံးရခဲ့တဲ့ ရလဒ်က နှလုံးသားနာတာ တဲ့လား။
ချိုသာသာအပြုံးလေးနဲ့ နွေးထွေးလွန်းတဲ့ တစ်ချိန်က မျက်ဝန်းနက်လေးတွေ အခုတော့ မှုန်ဝါးဝါးသာ ကျန်ခဲ့တော့တယ်တဲ့။
ထိတွေ့ချင်မိလို့ လက်လှမ်းခဲ့ပေမဲ့ ဗလာနတ္ထိဖြစ်တဲ့ လေဟာနှယ်ကိုသာ ဆုပ်ကိုင်လိုက်မိတယ်။အနက်အဓိပ္ပါယ်မဲ့သွားတယ် ဆိုတဲ့ ခံစားချက်က မင်း ကိုယ့်ဘဝထဲကနေ ကျောခိုင်းပြီ ဆိုတဲ့ နေ့က ဖြစ်ပေါ်တယ်။ ခိုလှုံစရာရင်ခွင်မဲ့တဲ့ ကိုယ်ဟာ ခုတော့ ဘဝတို့ပျောက်ဆုံးခဲ့ပြီ။
ကိုယ္မရှိလည်း မင်းကတော့ အဆင်ပြေ နေတယ်ဆိုပေမဲ့ ကိုယ်ကတော့ မင်းမှ မရှိရင် မဖြစ်နိုင်တော့ပဲ။ ပျော်ပျော်ရွှင်ရွှင်နဲ့
ကျန်ရစ်ပါ ချစ်ရသူ။အိတ်ဆောင်ဓားတိုတစ်လက်ကို လက်ကောက်ဝတ်ထက်က အနာရွှတ်ဟောင်းပေါ် တင်လိုက်လို့ ဖိချပြီး အဆုံးသတ်ခြင်းကို ကြိုဆိုဖို့ လုပ်ခဲ့ပေမဲ့~~~~
"သေတာက လွယ်လွယ်လေးရယ်ပါ။ သေဖို့က တကယ် ငါးစက္ကန့်ထက် အချိန်ပိုမလိုပါဘူး။ ဒါပေမဲ့ အသက်ရှင်ဖို့ကတော့ တကယ်
ခက်ခဲပါတယ်။ရခဲလွန်းတဲ့ လူ့ဘဝကို ဒီလို လွယ်လွယ်နဲ့ စွန့်ပစ်လိုက်တော့မယ်ပေါ့။ နှမြောစရာကြီးပါ။ ရင်ဆိုင်လိုက်စမ်းပါ ရဲရဲကြီး။"
YOU ARE READING
puppet (ရုပ်သေး) (ZSWW) (complete)
FanfictionUnicode ver... ရုပ်သေးဆိုတာ တကယ်တော့ ဆိုင်းဆရာ ကြိုးဆွဲရာ ကရတဲ့ အရုပ်လေးသက်သက်ပါ ကချင်တယ် မကချင်ဘူး ပြောပိုင်ခွင့်မရှိတဲ့ ရုပ်သေး Note:: "ရုပ်သေး" ဆိုတဲ့ ခေါင်းစဥ်အတိုင်း စိတ်မွန်းကြပ်စေရာ အနည်းနဲ့ အများ ပါနိုင်တာမို့ ကိုယ့်ကိုယ်ကို အဆင်ပြေမယ်ထင်မ...