Unicode ver...
ဘယ်သူဖြိုလို့ ကိုယ့်မျက်ရည်မိုးတွေ
ပြိုခဲ့ရတာလဲ?
ဘယ်သူစွမ်းလို့ ဖန်ဆင်းယူခဲ့တာလဲ?
သေချာပါတယ် ကိုယ့်ကိုငိုအောင် လုပ်နိုင်တဲ့သူစိမ်းဆိုလို့ Wang Yibo ဆိုတဲ့ မင်းပဲ စွမ်းဆောင်နိုင်တာပါ။ မင်းက ကိုယ့်ရဲ့အသက်သခင် မလို့လေ။ငယ်ချည်နုထွေးဖျာ အာရုံမိုးသောက်လာတဲ့အချိန်မှာ ကိုယ်ခံစားဖူးတဲ့ မင်းရဲ့ ဟင်းနံ့မွေးမွေးလေးတွေအစား အခုတော့ ဆေးနံ့ပြင်းပြင်းကိုသာ ကိုယ်ခံစားရတယ်။
Xiao Zhanတစ်ယောက် ဆေးရုံကုတင်ပေါ်မှာ လှဲလျောင်းပြီး အထဲကို တိုးဝင်နေတဲ့ နေရောင်ချည်နုနုကို ငေးရင်း အဖြေမရှိပုစ္ဆာလေးကို အဖြေရှာနေမိလေသည်။
ဘာတားဆီးသံမှ မဟခဲ့ပဲ စိတ်လိုလက်ရနဲ့ ကိုယ့်ကို ဂျပန်သွားဖို့ စီစဥ်ပေးခဲ့တာ မဟုတ်မှလွှဲ ကောင်လေးကိုယ်တိုင်က ကိုယ့်ကို ခွါထုတ်ချင်နေခဲ့တာများလား။
အဲ့လိုမဟုတ်ပါဘူးလို့ ကိုယ်ယုံကြည်ပါရစေနော်။ ဒါဆိုဘာကြောင့်များလဲ။
ကောင်လေးသိလား ကိုယ်အခုဆေးရုံတက်နေရတယ်။ ဘေးမှာ ဂရုစိုက်တတ်တဲ့ မင်းကတော့ရှိမနေခဲ့ဘူး။
ဂရုစိုက်တတ်တဲ့ မင်းလေးကတောင် ဘေးမှာ မရှိဘူးဆိုမှတော့ အလုပ်ရူးဖြစ်တဲ့ ကိုယ့်အမေဆို ဝေလာဝေးပေါ့အချစ်ရယ်။
"သား ဟင် အမေ့သားလေး နိုးပြီလား? သားဘယ်လိုနေသေးလဲ? "
ဟွားရုံခေါ်သံကြောင့် Xiao Zhan အတွေးတို့ဖြတ်တောက်ပြီး သူ့အမေကို ကြည့်လာလေသည်။
ကိုယ်တို့ကို ကွဲစေတဲ့ အဓိက တရားခံက ကိုယ့်အမေတော့ မဟုတ်လောက်ဘူးမလား။
ကောင်လေးပြောသလိုပဲ အမေက ကိုယ့်ကို ချစ်တာမလား။သူမ ဝင်လာကတည်းက သူမကို ခပ်ဆွေးဆွေးလေးနဲ့ မျက်တောင်မခတ်စတမ်း ငေးကြည့်နေတဲ့ သားလေးကြောင့် ဟွားရုံ အနေခက်လာပြီး မလုံမလဲဖြစ်လာရလေသည်။
"သား သားက ဘာလို့ အမေ့ကို အဲ့လောက် စိုက်ကြည့်ရတာလဲ? "
"~~~~"
ကျွန်တော် မဖြေတတ်ဘူး။ ကျွန်တော် အမေ့ကို သံသယ ဝင်နေတာလား။ ကျွန်တော့်ကို မွေးခဲ့တဲ့ မိခင်ကိုလေ။ ဒါပေမဲ့ ကျွန်တော် ဘာဖြစ်နေတယ်ဆိုတာကို ကျွန်တော်မဖြေတတ်ဘူး။
YOU ARE READING
puppet (ရုပ်သေး) (ZSWW) (complete)
FanfictionUnicode ver... ရုပ်သေးဆိုတာ တကယ်တော့ ဆိုင်းဆရာ ကြိုးဆွဲရာ ကရတဲ့ အရုပ်လေးသက်သက်ပါ ကချင်တယ် မကချင်ဘူး ပြောပိုင်ခွင့်မရှိတဲ့ ရုပ်သေး Note:: "ရုပ်သေး" ဆိုတဲ့ ခေါင်းစဥ်အတိုင်း စိတ်မွန်းကြပ်စေရာ အနည်းနဲ့ အများ ပါနိုင်တာမို့ ကိုယ့်ကိုယ်ကို အဆင်ပြေမယ်ထင်မ...