Unicode ver....
ဒိုင်ယာရီထဲက ခလေးပြောတဲ့ ဝမ်ဖေဖေပို့တဲ့စာကိုတွေ့ချင်လို့ ခလေးကို ရွှေလီကိုလည်း သွားလည်ရအောင်ဆိုပြီး ကျွန်တော် ခေါ်ခဲ့မိတယ်။ မြင်ပြန်တော့လည်း ရင်မှာအရူးတစ်ယောက်လို စူးနစ်နာကျင်လာတော့သာပဲ ။ နီရဲနေတဲ့ missed callနဲ့ အစဥ်ဆက်တိုက်ဖြစ်နေတဲ့ messageတို့က ကျွန်တော့်ကို လှောင်ပြောင်နေသယောင်။ မှားခဲ့သမျှက ကျွန်တော့်ဆီကပဲ မြစ်ဖျားခံနေသလို။
"ထားခဲ့လိုက်တော့"
"ဟင်"
ကျွန်တော် အတွေးများနေတုန်း ခါးပေါ်ရစ်
တွယ်လာတဲ့ လက်ကလေးနဲ့အတူ စကားသံတိုးတိုးကပါ ကပ်ပါလာလေရဲ့။"ကောင်လေး"
"ထားခဲ့လိုက်ပါတော့။ အခုကျွန်တော်က အစ်ကို့ရင်ခွင်ထဲမှာလေ။ ငိုမနေပါနဲ့တော့"
ဆုပ်ကိုင်ထားမိတဲ့ ဖုန်းလေးကို ဘေးက စားပွဲပေါ် အသာတင်လို့ ရင်ခွင်ထဲ တိုးဝင်လာတဲ့ ကိုယ္လုံးသေးသေးလေးကို ကျွန်တော္ ဖက်တွယ်ထားလိုက်မိလေသည်။
ကောင္လေးစားချင်တဲ့ ရှမ်းခေါက်ဆွဲလေးသွားစားဖြစ်သလို။ Num moaအလှကိုလည်း သွားကြည့္ဖြစ်တယ်။ မထင်မှတ်ပဲ ကျောင်ဆောင်ပေါ်က ထိုဓားတိုကို မြင်မိတော့ ကောင်လေးက ပြုံးပြုံးလေးနဲ့
"ကျွန်တော့္ကို ထိုးဖို့ ရွယ်မိတဲ့ ဓားမလား"တဲ့။သူကတော့ ပြုံးနေတာပါပဲ ကျွန်တော်ကတော့ ရင်နာရပါတယ်။ ဖျက်မရတဲ့ ထိုအတိတ်မှာ ကျွန်တော္ သူ့ကို သတ်ဖို့ တကယ် ကြိုးစားခဲ့ဖူးပါတယ်။
"ကိုယ္တောင်းပန်~~~"
"ရှူးတောင်းပန်စရာမလိုပါဘူး အစ်ကို ချစ်ပေးတာနဲ့တင် ကျွန်တော္က ပျော်နေတဲ့ သူပါဗျ။"
"ကောင်လေးရယ်"
ကျွန်တော် သူ့ရဲ့ မျက်နှာသေးသေးလေးကို အုပ်ကိုင်တော့ သူက နားလည်နေသည့်အလား သူ့ရဲ့ မျက်နှာလေးကို ကျွန်တော့် လက်ဖဝါးကြီးထဲ တစ်ချက်တိုးဝေ့ပြီး ကျွန်တော့်ကို ချစ်ရည်ရွမ်းနေတဲ့ အကြည့်လေးနဲ့ မော့ကြည့်လာတယ်။ ကျွန်တော် ကောင်လေးရဲ့ နဖူးပြေပြေလေးကို နမ်းတော့ ကောင်လေးက အလိုက်တသိပဲ မျက်လုံးမှိတ်ထားလေရဲ့။
YOU ARE READING
puppet (ရုပ်သေး) (ZSWW) (complete)
FanfictionUnicode ver... ရုပ်သေးဆိုတာ တကယ်တော့ ဆိုင်းဆရာ ကြိုးဆွဲရာ ကရတဲ့ အရုပ်လေးသက်သက်ပါ ကချင်တယ် မကချင်ဘူး ပြောပိုင်ခွင့်မရှိတဲ့ ရုပ်သေး Note:: "ရုပ်သေး" ဆိုတဲ့ ခေါင်းစဥ်အတိုင်း စိတ်မွန်းကြပ်စေရာ အနည်းနဲ့ အများ ပါနိုင်တာမို့ ကိုယ့်ကိုယ်ကို အဆင်ပြေမယ်ထင်မ...