သူသာကြိုသိခဲ့ရင်လေ

1.3K 173 56
                                    

Unicode ver...

အမေဖြစ်သူမျက်ရည်ကျနေတာ သားတစ်ယောက်အနေနဲ့ ကြည့်နိုင်ရိုးလားအမေ။

သားမိုက်လို့ ခံယူထားခဲ့ပေမဲ့
အမေ့ရဲ့မျက်ရည်ကိုတော့ သားမကျစေချင်ဘူးအမေ။

သားမိုက်ပေမဲ့ သားမှာလည်း နှလုံးသားနဲ့မို့ထင်ပါတယ်။

~~~~~

"သားလေး"

သားလေးတဲ့ အမေဆီက နှုတ်ဆက်သံလေးက ချိုချိုသာသာပါပဲ။ ဖေဖေဝမ်ကတော့ တွန်းလှည်းလေးပေါ်မှာ အထူးသဖြင့် အမေကို ဧည့်ခံနေသလားပေါ့။ အမေရဲ့ ခေါ်သံအဆုံးမှာ ကျွန်တော် ကောင်လေးရဲ့လက်နုနုလေးကို ညစ်မိသွားတယ် ထင်ပါတယ် ကောင်လေးက ကျွန်တော့်လက်ကို အုပ်ကိုင်လာပေးတယ်။

အမေက ကျွန်တော်တို့နှစ်ယောက်ရဲ့ လက်လေးဆီ ကြည့်လာတော့ ကျွန်တော် ပိုလို့တောင် ကောင်လေးရဲ့လက်ကို ဆုပ်ကိုင်မိပါတယ်။ ကောင်လေးကတော့ မသိမသာ ရုန်းနေပေမဲ့ပေါ့။

"သား အမေ့ကို ကယ်ပါအုံးသားရယ်"

အမေ့ရဲ့ ဖျော့တော့တော့ စကားလုံးတွေ
ညို့မှိုင်းနေတဲ့ အမေ့မျက်ဝန်း အမေဘာဖြစ်တာလဲ။

ပြေလျော့သွားတဲ့ လက်ချင်းဆုပ်ကလေးရယ်၊ ကိုင်လှုပ်ခံသွားရတဲ့ နှလုံးသားတစ်စုံရယ်၊ တစ်ခါတစ်လေ လူတွေက ပြောမထွက်တဲ့ အခြေအနေနဲ့ ဖော်ပြမရတဲ့ ခံစားချက်မျိုးကို ကြုံရတတ်တယ်တဲ့။

သူ့အမေဆီ အမြန်ပြေးသွားရှာတဲ့ Xiao Zhanက သူ့အမေကလွှဲ ဘာမှဘာမှမသိရှာတော့ပေမဲ့ တံခါးဝမှာ ရပ်နေသေးတဲ့ Yiboက သူ့လက်ဖဝါးကို မျက်တစ်မှိတ်စာလောက် ငုံ့ကြည့်သွားခဲ့သည်။

"အမေ အမေဘာဖြစ်တာလဲ? ဘယ်သူအမေကို ဘာလုပ်လိုက်လို့လဲ? ဟင် အမေ?"

သူမရှေ့ ဒူးလေးထောက်လို့ သူမလက်ကို ကိုင်ပြီး စိုးရိမ်တကြီး ဆုပ်ကိုင်လာတဲ့ သား​လေးကြောင့် ဟွားရုံ ဟန်တောင်မဆောင်နိုင်ပဲ Xiao Zhanရဲ့ ကိုယ်လေးကို ဆွဲဖက်လို့ ရှိုက်ကြီးတငင် ငိုပါတော့သည်။

Yiboတစ်ယောက်တော့ Xiao သားအမိကိုငေးကြည့်ရင်း ပြုံးနေခဲ့တယ်တဲ့။ ဝမ်ဖေဖေကို လှည့်ကြည့်တော့လည်း သူ့ကိုခေါင်းညိတ်ပြနေတာကြောင့် နှစ်ယောက်သား Xiao သားအမိကိုသီးသန့်နေစေပြီး သူတို့ကတော့ ထွက်သွားချေပြီ။

puppet (ရုပ်သေး) (ZSWW) (complete)Where stories live. Discover now