အချစ်ဆုံးမို့ အချစ်များ ဆုံးပြီ

1.5K 159 22
                                    

Unicode ver..

"မင်းအဖေ~~~ဆုံးသွားပြီ"
"နင့်အဖေ~~~ သေသွားပြီ"ဆိုတဲ့ အသံမျိုးကို
အဖေဆုံးရှုံးခဲ့ရဖူးသူတိုင်း ကြားခဲ့ရတဲ့
စကားလည်းဖြစ်သလို မကြားချင်ဆုံး စကားတစ်ခွန်းလည်းဖြစ်တယ်။

အဲ့ဒါကို ဆရာဝန်က နားမလည်ပုံရတယ် ကျွန်တော့်ကို ထပ်ခါထပ်ခါ ပြောပြနေတော့တာပဲ။

"လက်လွှတ်လိုက်ပါတော့"တဲ့။ ဟင့်အင်း ကျွန်တော်သာ လွှတ်ပေးလိုက်ရင် ဒီဘဝမှာ ထပ်တွေ့ရဖို့ ဖြစ်မှ မဖြစ်နိုင်တော့တာ။

ဖခင်ဖြစ်သူကို ရင်ခွင်ထဲထည့်ပြီး ခပ်တင်းတင်းဖက်ထားတဲ့ Yiboက မျက်ရည်တောက်တောက် တောက်တောက် ကျနေပေမဲ့ ရှိုက်နေတာတော့မဟုတ်ခဲ့။ ဘေးနားပတ်ပတ်လည်မှာ စကားတွေပြောနေတဲ့ ဆရာဝန်တွေရဲ့ စကားသံကို မကြားဟန်နဲ့ သူဟာ တိတ်ဆိတ်လို့နေပြန်သည်။

လောကကြီးနဲ့ အဆက်အသွယ် ပြတ်နေတဲ့ လူတစ်ယောက်လို အသိစိတ်ကင်းမဲ့နေတဲ့ လူတစ်ယောက်လို တစ်နေရာကိုပဲ စိုက်ကြည့်နေပြီး ထိုနေရာကိုလည်း သူမြင်ပုံမရခဲ့။

ကျွန်တော့်ရဲ့ ဖေဖေက လွှတ်မြောက်သွားပြီပေါ့နော်။ ဆင်းရဲ ဒုက္ခတွေနဲ့ ဖွဲ့စည်းထားတဲ့ စက်ဆုပ်ဖွယ် ဒီလူ့ပြည်ငရဲ ကြီးကနေ လွှတ်မြောက်သွားနိုင်ပြီပေါ့။ အခုဆိုရင် ဖေဖေ ပျော်ရွင်ခြင်းတွေ ရှာတွေ့နေလောက်
ရော​ေပါ့နော်။

သား ဖေဖေအတွက် ပျော်ပေးသင့်တာပေါ့နော် ဟုတ်တယ်မလားဟင်။ ဒါပေမဲ့ ဖေဖေရယ် သားလေ အရမ်းဝမ်းနည်းတာပဲ။ သားအရမ်းမိုက်မဲတယ် မလား သားမပျော်နိုင်ခဲ့ဘူး။ သားလေ~~~

ဒီအချိန်အခိုက်တန့်လေးမှာ ခံစားရတဲ့ခံစားချက်က ငိုချင်ပေမယ့် ရှိုက်သံမထွက်နိုင်တော့ဘူး။

အသံထွက်ချင်ပေမဲ့ အသံမထွက်တော့သလို၊
ဖေဖေ့ရဲ့ သားလေး ဆွံ့အသွားလေသလား။

အဲဒါက ဘဝမှာလုံးဝ မတမ်းတထားတဲ့ အဖြစ်အပျက်နဲ့ ကြုံတွေ့ရခြင်းရဲ့ ရလဒ်ပဲ ထင်ပါတယ်။

ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်နိုင္တော့ဘူး။ အကြောက်တရားတွေလည်း နှိပ်စက်နေပြန်ပြီ။ ပြိုလဲခြင်းတွေနဲ့အတူ
ရင်ထဲမှာ တကယ်အသိတစ်ခုရှိနေတာက
ယခုလက်ရှိ စက္ကန့်ကနေ စတင်ပြီး
လက်ကျန်ဘဝရဲ့ အချိန်တိုင်း အချိန်တိုင်းတွေမှာ ကျွန်တော်ဟာ ဖေဖေလို့ ထပ်မံ ခေါ်ခွင့်မရှိတော့တဲ့သူတစ်ယောက်။

puppet (ရုပ်သေး) (ZSWW) (complete)Donde viven las historias. Descúbrelo ahora