Unicode ver...
"ပါး သားသွားတော့မယ်နော် နေ့လည်မှ သားပြန်လာမယ်နော်"
သွားခါနီး လာခါနီး မမေ့မလျော့ လာပြောတတ်တဲ့ သားအကျင့်ကို Wuji အရမ်းသဘောကျနေလေသည်။
Wuji Yiboကို ပြုံးပြပြီး
"သွားဂရုစိုက် လာဂရုစိုက်နော်သားလေး"
"ဟုတ်ကဲ့ပါ ပါး"
ပြေးထွက်သွားတဲ့ Yiboလေးနောက်ကျောကို ငေးကြည့်ရင်း Wuji တစ်ဖန် မျက်ရည်ကျရပြန်သည်။
သူ့အိတ်ကပ်ထဲက ဓာတ်ပုံတစ်ပုံကိုထုတ်ကြည့်ရင်း
ဒီလောက်ဖြူစင်ပြီး လိမ္မာတဲ့ သားလေးကို မွေးထားတာတောင် မင်းစွန့်ပစ်ရက်တယ်နော် ယီွလီ ကိုယ့်အပစ်အတွက် မင်းကိုယ့်ကို လှည့်စားပြီး ပစ်သွားတာ ကိုယ်လက်ခံနိုင်တယ် ဒါပေမဲ့ ဘာမှ မသိတဲ့ ဒီခလေးကို မင်းစွန့်ပစ်ရက်တာ ကိုယ်အံ့သြလို့မဆုံးဘူးကွာ။
××××××××
"အစ်ကို"
Yiboအသံကြောင့် Xiao Zhanမော့ကြည့်တော့ ဖြူဖြူဖွေးဖွေးနဲ့ Yiboလေးက ဝတ်ထားတဲ့ ခရမ်းရောင် ရှုပ်လေးနဲ့ လိုက်ဖက်လွန်းနေသည်။
နို့နစ်ရောင် အသားအရေလေးကလည်း ဒီနေ့မှ ပန်းရောင်သန်းနေအောင် ထင်ပေါ်နေလေသည်။
ချစ်ဖို့ကောင်းလိုက်တာ ကောင်လေးရာ။
သူ့ကိုပဲ မော့ကြည့်နေပြီး ဘာစကားမှ မဆိုလာတဲ့ Xiao Zhan ကြောင့် လူက ရှက်လာရော၊ အဲ့ဒါကို အလိုက်ကန်းဆိုးမသိတဲ့ Xiao Zhanက Yiboကို စိုက်ကြည့်နေသေးတာကြောင့် Yiboက
"အစ်ကို"
Yibo ခေါ်လိုက်တော့မှ Xiao Zhan အသိ ကပ်လာလေသည်။
"အော် အဟမ်း ပြီးပြီလား? အ့ဆို သွားကြမယ်"
"ဟုတ်"
ခြေလေးစု လက်လေးယှက်ပြီး ခါးအနည်းငယ် ကုန်းတယ်ဆိုရုံ ကုန်းပြီး သူ့ကို
တရိုတသေ ဆက်ဆံသည့် ကောင်လေးကြောင့် အသည်းယားလာတဲ့ Xiao Zhanမှာ ဖစ်ညစ်ချင်စိတ်ကို မနည်းချိုးနှိမ်ထားရလေသည်။××××××××
အိမ်ကနေ ထွက်လာတုန်းကတော့ ပြသနာမဟုတ် ပြသနာက ကားပေါ်တက်ခါနီးမှာ စတော့တာပါပဲ။
YOU ARE READING
puppet (ရုပ်သေး) (ZSWW) (complete)
FanfictionUnicode ver... ရုပ်သေးဆိုတာ တကယ်တော့ ဆိုင်းဆရာ ကြိုးဆွဲရာ ကရတဲ့ အရုပ်လေးသက်သက်ပါ ကချင်တယ် မကချင်ဘူး ပြောပိုင်ခွင့်မရှိတဲ့ ရုပ်သေး Note:: "ရုပ်သေး" ဆိုတဲ့ ခေါင်းစဥ်အတိုင်း စိတ်မွန်းကြပ်စေရာ အနည်းနဲ့ အများ ပါနိုင်တာမို့ ကိုယ့်ကိုယ်ကို အဆင်ပြေမယ်ထင်မ...