Unicode Ver...
မင်းအတွက်လို့ ရည်ရွယ်ထားခဲ့တယ်ဆိုရင်၊
အချစ်မဆိုနဲ့ သက်မဲ့အရာတွေတောင်
တခြားသူနာမည်ကိုတပ်လို့ ကိုယ်မဆိုစေရဘူး။ အဲ့အရာက စကားဖြစ်ပြောတာတောင်
ကိုယ်မခံနိုင်ဘူး။ ဘာကြောင့်လဲဆို မင်းလေးက ကိုယ့်အတွက် သီးသန့်ဖြစ်တဲ့ အဓိကလေးပေမို့။~~~~~
"အစ်ကိုပြောတော့ အစ်ကို့အမေရဲ့ ဧည့်သည်ကိုသွားကြိုမယ်ဆို ခုက ဘယ်လိုလုပ် ဒီကိုရောက်နေတာလဲ"
သူ့မျက်နှာချင်းဆိုင်မှာထိုင်ရင်း ကောင်လေးက ထိုသို့စကားမျိုး မေးလာတော့ Xiao Zhanက သွားကြီးဖြဲပြီး~~~
"ဟီး ဒါ တော့မတတ်နိုင်ဘူး ကိုယ့်ရဲ့ကောင်လေးနဲ့ ပတ်သက်လာရင်တော့ ဘာကိစ္စပဲရှိရှိ ဖယ်ထားရမှာပဲ"
Xiao Zhanစကားကြောင့် Yiboမှာ ပြောစကားတို့ ပျောက်ရှကုန်လေသည်။
"အစ်ကိုကတော့ နောက်ပြီ ကျွန်တော်ပြောထားတယ်လေ ကိုယ့်တာဝန်ကို ကျေအောင်လုပ်လို့"
Yibo ဆုံးမသလိုလိုပြောလာတော့ Xiao Zhanက စူပုတ်ပုတ်လေးနဲ့~~~
"ကျေပါတယ် ကောင်လေးရယ် အခုသူမ
ကိုယ့်အိမ်မှာ သေသေချာချာနဲ့ ဘေးကင်းကင်းနဲ့ ရောက်နေပါပြီ ကိုယ်ကသာ~~~"Xiao Zhanဆက်မဆိုတော့ပဲ Yiboကို မျက်နှာငယ်လေးနဲ့ ငေးကြည့်လာ
တာကြောင့် Yiboက မပြုံးတပြုံးနဲ့~~~"ကဲပါ အစ်ကိုရယ် ဘာဖြစ်သေးလည်း ဆက်ပြော"
"ကိုယ်ကသာ မင်းကို လွမ်းလို့သေသွားနိုင်မလားမသိဘူး အဲ့ဒါ ကောင်လေးလည်း တာဝန်လေးသိပြီး အားဆေးအနေနဲ့ အာဘွားလေး ဘာလေးပေးသင့်တယ်မဟုတ်ဘူးလား"
"ဟ ဟား ဒီအစ်ကိုကတော့လေ တကယ်ပါပဲ ဟ ဟား"
သူ့ကို မျက်နှာငယ်လေးလုပ်ပြပြီး မကြီးမငယ် ချွဲနေတဲ့ Xiao Zhanကြောင့် Yibo သဘောတကျ ရယ်နေမိလေသည်။
"မပေးဘူးလားဟင်"
ဟောကြည့် တံတွေးလေးမြိုချပြီး မျက်လုံးလေးက ဘယ်လိုပါလိမ့်။ အား လူတိုင်းရှိန်တဲ့ စီးပွါးရေးလောကရဲ့ ရှင်ဘုရင် Xiao Zhanက ဘယ်လို ဖြစ်နေတာလဲ။
YOU ARE READING
puppet (ရုပ်သေး) (ZSWW) (complete)
FanfictionUnicode ver... ရုပ်သေးဆိုတာ တကယ်တော့ ဆိုင်းဆရာ ကြိုးဆွဲရာ ကရတဲ့ အရုပ်လေးသက်သက်ပါ ကချင်တယ် မကချင်ဘူး ပြောပိုင်ခွင့်မရှိတဲ့ ရုပ်သေး Note:: "ရုပ်သေး" ဆိုတဲ့ ခေါင်းစဥ်အတိုင်း စိတ်မွန်းကြပ်စေရာ အနည်းနဲ့ အများ ပါနိုင်တာမို့ ကိုယ့်ကိုယ်ကို အဆင်ပြေမယ်ထင်မ...