Lilies ပန်းလို အချစ်မျိုး

1.4K 155 16
                                    

Unicode ver...

​ရင်ခွင်ထဲ ထည့်ထားပါရက်နဲ့
စိတ်မချနိုင်သေးတဲ့ ခံစားချက်မျိုးကို
ခင်များတို့ ခံစားဖူးလား?

ဘယ်လောက်တောင် စိုးရိမ်လိုက်ရသလဲ?

"စိတ်ပူတယ်"တဲ့ နားထောင်ရလွယ်သလောက် တကယ် စိတ်ပူနေတဲ့ သူအဖို့တော့ ရင်ကို မီးစနဲ့ ထိုးထည့်နေသလိုပဲ
ဆိုတာ ခင်များတို့ကော သိကြလား?

~~~~~

သင်္ကြန်ရေဆော့ပြီးလို့ တိုက်ခန်းပြန်ရောက်တော့ Yiboက ရေအရင်ချိုးတာကြောင့် အဝတ်လှဲပြီး ကုတင်ပေါ်မှာ ဖုန်းကို ထိုင်ဆော့နေလိုက်လေသည်။

Xiao Zhan ရေချိုးပြီး ထွက်လာချင်းချင်းပဲ
ခေါင်းပေါ်က ရေကို မသုပ်ပဲ ဖုန်းကိုပဲ
ထိုင်ဆော့နေတာတွေ့တော့ Xiao Zhanရဲ့ မျက်ခုံးတစ်စုံက တွန့်ချိုးသွားရလေသည်။

"ကောင်လေး ဘာလို့ ခေါင်းမသုတ်တာလဲ"

"အမ် ရတယ် အစ်ကို"

ကျွန်တော်ပြောတာတောင် ဂရုစိုက်မယ်မပြောနဲ့ လှည့်တောင်ကြည့်မလာတဲ့ ကောင်လေးကြောင့် ကျွန်တော်ကပဲ တဘက်လေးတစ်ထည်ကို ဆွဲယူလို့ ကောင်လေးရဲ့ ခေါင်းလုံးလုံးလေးကို သုတ်ပေးနေမိပါတော့တယ်။

ကောင်လေးကတော့ လက်ထဲက ဖုန်းကို အာရုံစိုက်ကောင်းတုန်း။ ကျွန်တော် လိုက်ကြည့်မိတော့ ခုဏက ရိုက်လာတဲ့ ဓာတ်ပုံတွေကို အသေးစိတ် Zoom ဆွဲကြည့်လိုက်၊ ရယ်လိုက်နဲ့ အလုပ်ရှုပ်နေလိုက်တာ ကျွန်တော့်ကိုတောင် အရေးမစိုက်ဘူး။

Xiao Zhan ခေါင်းပေါ်က ရေတွေသုတ်ပေးနေတုန်း Yiboကိုယ်လေးက အနည်းငယ် ယိုင်သွားသလို ဖြစ်တာကြောင့် Xiao Zhan စိုးရိမ်ပြီး Yiboရဲ့ လက်မောင်းကနေ အမြန်ဆွဲပြီး "ဘာဖြစ်သွားတာလဲ" ဆိုပြီး အထက်အောက် လှန်တော့မတတ်ကို
ကြည့်နေလေသည်။

Yibo ဖုန်းကို အိပ်ယာပေါ် အမြန်ချပြီး Xiao Zhanကို မော့ကြည့်ရင်း ဟီးခနဲ ရယ်ပြလိုက်လေသည်။

"​ကောင်လေး ဘာဖြစ်သွားတာလဲ"

"ဟီး ကျွန်တော် ငိုက်သွားတာ အစ်ကိုရဲ့"

ကောင်ငယ်လေးက ကျွန်တော့်ကို ဟီးခနဲ ရယ်ပြီပြီး ကျွန်တော့်ရင်ခွင်ထဲ ခေါင်းလေးမှီနေလေရဲ့။ မသိရင် အမှားတစ်ခုခုလုပ်မိလို့
အဆူခံရမှာစိုးလို့ ချွဲနေတဲ့ ခလေးလေးပုံစံကို ဖြစ်လို့။

puppet (ရုပ်သေး) (ZSWW) (complete)Donde viven las historias. Descúbrelo ahora