နှလုံးသားတို့ တစ်ဖန်နွေးခဲ့ပြီ

1.6K 173 18
                                    

Unicode ver...

သူ့ရဲ့ ပါးပြင်နှစ်ဖက်ကို အုပ်ကိုင်ပြီး ချော့မြူနေတဲ့ Yiboလေးနဲ့ သူအကြည်စိုက်နေတုန်း နောက်ကျောက ခေါ်သံတို့ကြောင့် ကျောက မတ်ခနဲ။ ဘာအတွက်နဲ့ သူတို့ဆီ လာပြန်ရတာလဲ။ ထပ်ပြီး လာခွဲမလို့လား။

Yiboလေးကတော့ ဟွားရုံကိုကြည့်ပြီး Xiao Zhan မျက်နှာပေါ်က လက်ကလေးကို အသာချပြီး  ငြိမ်သက်လို့။ နောက်သို့ လှည့်မကြည့်ရသေးတဲ့ Xiao Zhanက ထိုကိစ္စရပ်ကြောင့် သူစိတ်မကြည်ဖြစ်လာရလေသည်။
သူ့မိခင်ရဲ့ "သား" ဆိုတဲ့ စကားတစ်ခွန်းလေးတောင် သူ့ပါးပြင်ပေါ်က ကောင်လေးလက်ကို ဖယ်ခွါစေနိုင်စွမ်းရှိနေတယ် မဟုတ်ပေလား။

ကောင်လေးရှေ့မှာ အကာအကွယ် တစ်ခုလို ပိတ်ရပ်ပြီး အမေဖက်ကို ကျွန်တော်မျက်နှာချင်းဆိုင်နေလိုက်လေသည်။ ကောင်လေးရဲ့ ကိုယ်လေးကိုတော့ ကျွန်တော့်ရဲ့ အနောက်ဘက်မှာသာ ဖွက်ထားလိုက်လေသည်။

ဘယ်ချိန်ဖြစ်ဖြစ် ဘယ်နေရာမှာပဲ တွေ့တွေ့ သူမအပေါ် ယုံကြည်မှုတစ်စက်ကလေးတောင် မရှိတော့တဲ့ သားလေးကို မြင်တွေ့ရတိုင်း သူမကို အကြိမ်ကြိမ်ပြိုလှဲစေပါသည်။

ကောင်းစေချင်လို့ ဆိုတဲ့ စေတနာ မေတ္တာလေးနဲ့ သူမလုပ်ဆောင်ခဲ့ပေမဲ့ ထိုအရာဟာ အတ္တရောနေမယ်ဆိုတာ သူမ မသိခဲ့ရိုးအမှန်။

အခုတော့ ကြည့်ပါအုံး ကျွန်မအခေါက်ခေါက်တောင်းပန်နေခဲ့တာတောင် သားလေးက ခေါင်းခါခြင်းအမှုကိုသာ ပုံသေတွက်ထားလိုက်တော့ဟန် တူပါတယ်။

"သားလေး မေမေတောင်းပန်ပါတယ် သားတို့ကို ထပ်မခွဲတော့ပါဘူးလို့ ကတိပေးပါတယ် သားရယ် မေမေ Yiboလေးနဲ့ စကားပြောချင်~~~"

"မရဘူး! မပြောရဘူး! ပေးမပြောဘူး!"

သူမ စကားပင် မဆုံးလိုက် ဒေါသတစ်ကြီးနဲ့အော်ထည့် လာတဲ့ သားလေးကြောင့် သူမ ကြောင်အစွာ ရပ်နေမိလေသည်။ သားရဲ့ ဒီလို စိတ်လွှတ်နေတဲ့ အခြေအနေကို သူမတစ်ခါမှ မမြင်ခဲ့ဖူးဘူးမလား။

"ရှောင်းကျန့်~~~"

"မင်းလည်း အတူတူပဲ ကျန်းချန်! မင်းလည်းအတူတူပဲ ငါတို့နား တိုးမလာနဲ့ တိုးလာရဲ တိုးလာကြည့် သတ်ပစ်မှာနော်"

puppet (ရုပ်သေး) (ZSWW) (complete)Onde histórias criam vida. Descubra agora